ပြည်ပသတင်းများ

ထိုင်းလယ်ယာထွက်ကုန်များအား တရုတ် e-commerce sites များ တွင် အဆင့်မြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်

ထိုင်းနိုင်ငံ၏ ရာသီအလိုက်သီးနှံများနှင့်ဆန်တို့ကဲ့သို့သော လယ်ယာ စိုက်ပျိုးရေးထွက်ကုန်များမှာ တရုတ်ပိုင် e-commerce ပလက်ဖေါင်းများတွင် ရေပန်းစားလျှက်ရှိပါသည်။ ဘဏ္ဍာရေးဝန်ကြီးသည် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဘဏ် Bank of Agricultural and Agricultural Cooperative (BAAC) အား ၎င်း၏ လက်ရှိ လယ်ယာစိုက်ပျိုးရေးထွက်ကုန် များအတွက် ပြုလုပ်ထားသော အွန်လိုင်းပလက်ဖေါင်းကို တရုတ်e-commerce sites များတွင် ရောင်းချနိုင်အောင် တန်ဖိုးမြှင့်တင် အဆင့်မြှင့်ရန် ညွှန်ကြားခဲ့ပါသည်။

ထိုင်းလယ်ယာထွက်ကုန်များကို Lazada (သို့မဟုတ်) Alibaba e-commerce ပလက် ဖေါင်းများတွင် အဆင့်မြှင့်တင်ရောင်းချသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဉတ္တမကပြောကြားခဲ့ပါ သည်။ ပြည်တွင်းသတင်းများအရ ဉတ္တမ၊ ဒုတိယဝန်ကြီးချုပ်ဆုန်ကစ်၊ ဝန်ကြီးချုပ်ရုံး နိုင်ငံရေး ရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Kobsak နှင့် အခြားစွမ်းအင်ဝန်ကြီးနှင့် အဆင့်မြင့်ပညာ ရေးသိပ္ပံနှင့် တီထွင်မှုရေးရာဆိုင်ရာဝန်ကြီးတို့မှာ ၎င်းတို့၏ အလုပ်မှ ဗုဒ္ဗဟူးနေ့တွင် နှုတ်ထွက် ခဲ့ကြပါသည်။

အစောပိုင်းက မစ္စတာဉတ္တမ၊ စွမ်းအင်ဝန်ကြီး Sontijirawong နှင့်အဆင့်မြင့်ပညာရေး သိပ္ပံနှင့်တီထွင်မှုရေးရာဆိုင်ရာဝန်ကြီး Sivit Maesincee တို့မှ ၎င်းတို့အနေဖြင့် ပလန်ပရာချာရတ် ပါတီမှ နှုတ်ထွက်ကြောင်း ပြောကြားခဲ့ကြပါသည်။ BAAC အနေဖြင့် အနာဂတ်တွင် လယ်ယာ ထွက်ကုန်များရောင်းချရန် လက်ရှိ အွန်လိုင်းပလက်ဖေါင်းအား ဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေး ရှိသော လမ်းကြောင်း (Channel) တစ်ခု ဖြစ်လာစေရေး ဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ကြောင်း ဉတ္တမက ပြောကြားခဲ့ပါသည်။ လိုချင်သော ရလဒ်မှာ လယ်ယာထွက်ကုန်များအား Lazada နှင့် Alibaba တို့ကဲ့သို့သော အဆင့်မြှင့်တင်ထားသည့်e-commerce ပလက်ဖေါင်းတွင် အဆင့် မြှင့်တင်ရောင်းချသွားနိုင်ရန် ဖြစ်ပါသည်။

BAAC ၏အကြီးအကဲ အမှုဆောင်ဒုဥက္ကဋ္ဌ Somkiat Kimawaha က ဘဏ်၏ အွန်လိုင်း ကုန်သွယ်မှုပလက်ဖေါင်းဖြစ်သော Thai Agri Business နှင့် Information Technology Group တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ၎င်းကို ယမန်နှစ်က ထုတ်ကုန် (၁,၂၄၇) မျိုးနှင့် စတင် မိတ်ဆက်လွှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။

Mr.Somkiatက အစိုးရ၏ ယခင်က ပိတ်ဆို့မှုအစီအမံများကြောင့် ထုတ်ကုန်များ အနေ ဖြင့် ရောင်းအားတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဖြတ်ကျော် ထောက်ပံ့ ပို့ဆောင်ရေး အခက်အခဲများနှင့် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားတို့ကလည်း နောက်ထပ် အွန်လိုင်း လယ်ယာထွက်ကုန်များ ရောင်းချမှု ထိုင်းမှိုင်းရခြင်း၏ အကြောင်းတရားတစ်ခုဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

BAAC အနေဖြင့် ပလက်ဖေါင်းပေါ်ရှိ ထုတ်ကုန်အရေအတွက်အား အမည်ပေါင်း (၁,၇၅၀) အထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပြီး ယမန်နှစ်က စုစုပေါင်း ရောင်းအားဖြစ်သော ဘတ်ငွေ (၁၆၁) ဘီလီယံထက် (၅-၁၀%) အထိ မြှင့်တင်သွားရန် ရည်မှန်းသတ်မှတ်ခဲ့ပါသည်။ ပြည်နယ် တစ်ခုစီရှိ BAAC အရာရှိများအနေဖြင့် ကုန်ပစ္စည်းများသည် အွန်လိုင်းမှ ရောင်းချရန် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်တမ်းများ အမြန်ကောက်ယူ တင်ပြရန် ညွှန်ကြားခဲ့ပါသည်။  ယခင်က အရောင်းရဆုံးသော ကုန်ပစ္စည်းများမှာ ဆန်လုံးညို (Brown Rice)၊ Riceberry ၊ အေ-အမှတ်တံဆိပ် စံပယ်ဆန် (A Brand Jasmine rice) နှင့် ရာသီအလိုက် သစ်သီးဝလံများဖြစ်ပါသည်။

Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ဗန်ကောက်မြို့

Loading