ပြည်ပသတင်းများ

ထုတ်လုပ်သူဈေးနှုန်း အညွှန်းကိန်း (PPI) ကျဆင်းမှု နှေးကွေးလာခြင်း သည် ဈေးကွက်တိုးတက်မှု အနည်းငယ်ရှိသည့် အလားအလာဖြစ်သည် ဟု ပြောကြားခဲ့ခြင်း

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စက်မှုလုပ်ငန်းများ ငွေဖောင်းပွမှု တွက်ချက်ရာတွင် အဓိကအညွှန်းကိန်းတစ်ခုဖြစ်သော ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) သည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) သည် ၂၀၂၀ ပြည့်နှစ်၊ မေလထက် အနည်းငယ် မြင့်တက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ PPI ကျဆင်းမှု နှေးကွေးလာခြင်းမှာ နိုင်ငံတကာနှင့် ပြည်တွင်း ဝယ်လိုအား အနည်းငယ်မြင့်တက်လာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်သူ ဈေးဆနှုန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစတင်၍ (၅) လ ဆက်တိုက်ကျဆင်းခဲ့ ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၏ ထုတ်လုပ်သူဈေးဆနှုန်းကိန်း ကျဆင်းမှုနှေးကွေး လာခြင်းသည် နိုင်ငံတကာကုန်စည်ဈေးကွက် ပြန်လည်တိုးတက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများ တည်ငြိမ်စွာ ပြန်လည် တိုးတက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် တင်ပို့မှုများအပေါ် ဆိုးရွားစွာထိခိုက်ခံခဲ့ရကြောင်း၊ သို့ရာတွင် PPI ကျဆင်းမှုနှေးကွေးလာခြင်းသည် နိုင်ငံတကာဈေးကွက်အတွင်း ဝယ်လိုအားအနည်းငယ် မြင့်တက် လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရန် အစပြုနေပြီဖြစ်သည့်အတွက် အကျိုးရလဒ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားအဓိက ကုန်သွယ်ဖက်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ထုတ်လုပ်သူဈေးဆနှုန်းကိန်းသည် ဆက်လက်ကျဆင်း နေမည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ပြီးခဲ့သည့်နှစ်ကာလတူထက် (၂.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စားသောက်ကုန်ဈေးနှုန်းများ(၀.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် အတွက် စားသုံးသူဈေးနှုန်းအညွှန်းကိန်းတွင် (၀.၀၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ်: https://www.globaltimes.cn/content/1193993.shtml

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading