ပြည်ပသတင်းများ

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း ပြန်လည်ကောင်းမွန် လာပြီဖြစ်ခြင်း

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ မျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်လာခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလပတ်ကာလအတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးသည် တိုးတက်မည့်လက္ခဏာရပ်များ ဖြစ်ပေါ်လျက်ရှိပြီး တစ်နှစ်ပတ်လုံးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် (၂) ရာခိုင်နှုန်းထက် ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထား ကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်း ဆက်လက်ကောင်းမွန်မည်ဆိုပါက တရုတ်နိုင်ငံ၏ တတိယလေးလပတ်အတွင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးသည် ဒုတိယလေးလပတ်ထက် ကျော်လွန်မည်ဖြစ်ကြောင်း စီးပွားရေး ဆိုင်ရာ လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

             ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏ အခြေခံအလယ်အလတ်အဆင့် ကဏ္ဍများသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်မီကာလများအတိုင်း ပြန်လည် နလန်ထူလာပြီဖြစ်ကြောင်း၊ သို့ရာတွင် တတိယအဆင့်ကဏ္ဍများမှာမူ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ယခုကဲ့သို့ စီးပွားရေးပြန်လည်ဦးမော့လာခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (၂) ရာခိုင်နှုန်းကျော် တိုးတက်ရန် သေချာစေမည်ဖြစ်ပြီး စတုတ္ထလေးလပတ်အတွင်း၌ (၆) ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဖွယ်ရှိ သည်ဟု တရုတ်စီးပွားရေးပညာရှင်များမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

             စက်မှုလုပ်ငန်းများ ပြန်လည်နလန်ထူလာခြင်းသည် တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ၌ တည်ငြိမ်မှုရရှိခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်တွင်းစားသုံးမှုသည် ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက များစွာနှေးကွေးလျက်ရှိသည် ကို လေ့လာတွေ့ရှိရကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် နဂိုမူလအခြေအနေသို့ ပြန်လည် ရောက်ရှိရန် အချိန်ကာလ လိုအပ်လျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုများ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဖိစီးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ အလားတူပင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြန်လည်နလန်ထူလာမှု မညီမျှခြင်း တို့ကြောင့် နောင်လာမည့်ကာလများအတွင်း နိုင်ငံ့စီးပွားရေးအပေါ် ခြိမ်းခြောက်မည့်အန္တရာယ် များ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက် ဆက်လက်တည်ငြိမ်လျက်ရှိပြီး မြို့ပြ၌ အလုပ်လက်မဲ့ ရာခိုင်နှုန်း (၅.၆) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်လထက် (၀.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1200976.shtml

ရွှေစင်ဦး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading