ပြည်ပသတင်းများ

COVID – 19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်သည့်အခါ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ပိုမိုမြင့်တက်လာ မည်ဟု ပြောကြားခဲ့ခြင်း

တရုတ်နိုင်ငံသည် COVID – 19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရန်၊ ထိန်းချုပ်ရန် စီမံ ဆောင်ရွက်မှုများ ချမှတ်လုပ်ဆောင်ခဲ့သည့်နည်းတူ စီးပွားရေး၊ လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု များ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် (၂) ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြည်တွင်းလုပ်ငန်းများ လည်ပတ်မှုဆက်လက် တိုးတက်လျက်ရှိပြီး COVID -19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေး တရားဝင်ရရှိသည့်အခါ နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (၇.၉) ရာခိုင်နှုန်းအထိ တိုးတက်လာ မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူလာမှု အရှိန်မြင့်တက်လာခြင်းဖြင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ကမ္ဘာတစ်ဝှမ်းလုံး အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202010/01WS5f752101a31024ad0ba7cf41.html

ရွှေစင်ဦး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading