ပြည်ပသတင်းများ

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna မှ အာရှ နိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးအား ကိုရီးယားသမ္မတနိုင်ငံ၌အခြေပြု၍ ထုတ်လုပ်သွားမည်

အမေရိကန်နိုင်ငံ၏ ဇီဝနည်းပညာကုမ္ပဏီ Moderna သည် အာရှနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးများထုတ်လုပ်ရန် ကိုရီးယားသမ္မတနိုင်ငံအား အခြေစိုက်စခန်းအဖြစ်  ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။ တောင်ကိုရီးယားအစိုးရသည် ကာကွယ်ဆေးထိုးမှုအစီအစဉ် များကို အားသွန်ခွန်စိုက်ဆက်လက်ဆောင်ရွက်နေစဉ်တွင် အမေရိကန်ကုမ္ပဏီတစ်ခုကို ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန်ဆွဲဆောင်နိုင်ခြင်းသည် တောင်ကိုရီးယားနိုင်ငံအတွင်း COVID-19 ကာကွယ် ဆေးများ လုံလောက်စွာထောက်ပံ့နိုင်ရေးအပေါ် စိုးရိမ်မှုများကို လျော့ပါးစေလိမ့်မည်ဟု မျှော်လင့်ရ ပါသည်။

Moderna အနေဖြင့် အမေရိကန်နိုင်ငံရှိ ၎င်း၏ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံများသည် အာရှဒေသသို့ COVID-19 ကာကွယ်ဆေးကိုထုတ်လုပ်ဖြန့်ဖြူးရန် မလုံလောက်နိုင်ဟုယူဆကြောင်း၊ သို့ဖြစ်၍အာရှဒေသအတွက် COVID-19 ကာကွယ်ဆေးထုတ်လုပ်ပေးရန် အဆင်အပြေဆုံးဖြစ်နိုင် မည့်တောင်ကိုရီးယားနိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ Moderna သည် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှ တစ်နာရီခရီးခန့်ကွာဝေးသော Yeongjong ကျွန်းတွင် စက်ရုံတည်ဆောက်ရန် မြေကွက်ဝယ်ယူလိုကြောင်း၊ ၄င်းကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Stephane Bancel သည် အိမ်ပြာတော်သို့ လာမည့်ရက်သတ္တပတ်ပိတ်ရက် (သို့မဟုတ်) မေလ (၁၈) ရက်တွင် လာရောက်လိမ့် မည်ဟုမျှော်လင့်ရကြောင်း အမည်မဖော်လိုသူ တောင်ကိုရီးယားအစိုးရအရာရှိတစ်ဉီး၏ ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

Moderna ၏ရည်ရွယ်ချက်သည် တောင်ကိုရီးယားနိုင်ငံအား အာရှဒေသအတွက် COVID-19 ကာကွယ်ဆေးထုတ်ဖော်ပေးရာ ကုန်ထုတ်လုပ်မှုအချက်အချာဒေသကြီးဖြစ်စေလိုသော သမ္မတ မွန်ဂျေအင်း၏ဆန္ဒနှင့် လွန်စွာသဟဇာတဖြစ်လျက်ရှိပါသည်။ ထို့ပြင် သမ္မတမွန်ဂျေအင်းသည် အမေရိကန်သမ္မတ Joe Biden နှင့် ၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ထိပ်သီးအစည်းအဝေး ကျင်းပရန်အတွက် ဝါရှင်တန်မြို့သို့ မေလတတိယပတ်အတွင်းတွင် သွားရောက်မည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။

Moderna သည် COVID-19  ကာကွယ်ဆေးကို အခြားသော ပုံမှန်ကာကွယ်ဆေး နည်း ပညာများထက် ပိုမိုထိရောက်မှုရှိသည့် Messenger RNA (mRNA) နည်းပညာကိုအသုံးပြု၍ ထုတ်လုပ်ထားပါသည်။ လက်ရှိတွင် mRNA နည်းပညာအသုံးပြု၍ထုတ်လုပ်သော ကာကွယ်ဆေး သည်(၂)မျိုးရှိပြီး၊ တစ်မျိုးသည် Moderna မှထုတ်လုပ်ကာ၊ နောက်တစ်မျိုးသည် Pfizer-BioNTech မှ ထုတ်လုပ်ခြင်းဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် လက်ရှိတွင် ပြည်ပမှကာကွယ်ဆေး တင်သွင်းမှုကိုသာ အဓိကအားထား၍အသုံးပြုလျက်ရှိရာ ထိရောက်သည့် mRNA နည်းပညာ အသုံးပြု ကာကွယ်ဆေးများလုံလောက်စွာရရှိရေးအတွက် ပြည်တွင်း၌စိုးရိမ်မှုများ မြင့်တက်လျက်ရှိ ပါသည်။ တောင်ကိုရီးယားအစိုးရသည် ပြည်သူ သန်းပေါင်း (၂၀) အတွက် အသုံးပြုနိုင်မည့် COVID-19  ကာကွယ်ဆေးဝယ်ယူရေးကို Moderna နှင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စာချုပ်ချုပ်ဆို ခဲ့ပြီး ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

Moderna သည် mRNA နည်းပညာကို တောင်ကိုရီးယား ပြည်တွင်းကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းရန် အတားအဆီးများစွာရှိနေသောကြောင့် ၄င်း၏ကိုယ်ပိုင်ထုတ်လုပ်မှုစက်ရုံကို တည် ဆောက်ရန် အမေရိကန်ဒေါ်လာ ဘီလီယံအနည်းငယ်ကိုသာ ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ဇီဝနည်းပညာသည် အခြားသောအဆင့်မြင့်နိုင်ငံများထက် နောက်ကျနေ ပြီး၊ ပြည်တွင်း ကုမ္ပဏီများသည် mRNA နည်းပညာကိုအသုံးပြု၍ ကာကွယ်ဆေးထုတ်လုပ်ရန် အတွေ့အကြုံမရှိကြသေးကြောင်း၊ ထို့ကြောင့် Moderna ၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင် သည့်စွမ်းဆောင်ရည်နှင့် ကိုက်ညီသော ဒေသခံကုမ္ပဏီများမှာ မရှိသလောက်ဖြစ်နေကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဉီး၏ ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။           Moderna မှ mRNAနည်းပညာအသုံးပြု၍ ထုတ်လုပ်ထားသောCOVID-19ကာကွယ်ဆေး ကိုတောင်ကိုရီးယားနိုင်ငံ၌ အသုံးပြုခွင့်လိုင်စင်ရရှိရေးအတွက် သက်ဆိုင်ရာ စားနပ်ရိက္ခာနှင့် ဆေး ဝါး အန္တရာယ်ကင်းရှင်းရေးဝန်ကြီးဌာန (Ministry of Food & Drug Safety- MFDS) မှသုံးသပ် ခြင်းကို ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ၄င်းဝန်ကြီးဌာန၏ အပြီးသတ်အတည်ပြုခြင်းမဆောင်ရွက်မီ အကဲဖြတ် သုံးသပ်မှုအဆင့် (၃) ဆင့်အနက် ပထမအဆင့်ဖြစ်သော Panel’s Review တွင် Moderna ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးသည်ထိရောက်မှုနှုန်း (၉၄.၁) ရာခိုင်နှုန်းရှိပြီး၊ အသုံးပြုရန် သင့်လျော်သည်ဟု MFDS က ၂၀၂၁ ခုနှစ်၊ မေလ (၁၀) ရက်တွင် ပြောကြားခဲ့ကြောင်း၊  ၄င်းအဖွဲ့ ဝင်များသည် လူပေါင်း (၂၈,၂၀၇) ဦးအား Clinical Trial လက်တွေ့စမ်းသပ်မှု အချက်အလက် များပေါ်မူတည်၍ ပြန်လည်သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုဖြေရှင်းနိုင်ရေးတွင် ကာကွယ်ဆေးထောက်ပံ့နိုင်မှုသည် အခရာဖြစ်သည့်အလျောက် အရှေ့အာရှနိုင်ငံများသည်  ကာကွယ်ဆေးထုတ်လုပ်မည့်စက်ရုံများ လာရောက်တည်ဆောက်၍ ဆေးထုတ်လုပ်ပံ့ပိုးနိုင်မည့်သူများကို ရှာဖွေချိတ်ဆက်လျက်ရှိကြပါ သည်။ တရုတ်ဆေးဝါးကုမ္ပဏီ Fosun Pharma သည် ဂျာမန်ကုမ္ပဏီ BioNTech နှင့် တစ်နှစ်လျှင် COVID-19 mRNA ကာကွယ်ဆေး (၁) ဘီလီယံအထိ ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ အကြီးဆုံးဆေးဝါး ထုတ်လုပ်သည့် Takeda Pharmaceutical သည်လည်း အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ Novavax ၏ COVID-19 ကာကွယ်ဆေး (၂၅၀) သန်းခန့်ကို ထုတ်လုပ်သွားရန်စီစဉ်ထားသည်ဟု ထုတ်ဖော်ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Korea Times (13-5-2021)

ဝင်းပပသူ၊ စီးပွားရေးသံမှူး

ဆိုးလ်မြို့

Loading