ပြည်ပသတင်းများ

Smart Factoryပေါင်း (၁၀၀၀) ထွန်းကားလာစေရန် ရည်ရွယ်သည့် ဟွာဝေး၏ 5GtoB solution

တရုတ်နိုင်ငံ၏ စက်မှုနိုင်ငံအဖြစ်တည်ထောင်ရေး လုပ်ငန်းစဉ် အား အရှိန်မြှင့်တင်သည့်အနေဖြင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက ၄င်း၏ 5GtoB solution နှင့်အတူ Smart Factoryပေါင်း (၁၀၀၀)အား ထွန်းကားလာစေရန် လုပ်ငန်းအစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဟု မေလ (၉)ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

နှစ်နှစ်ကျော် လက်တွေ့ကျင့်သုံးမှုများ ပြုလုပ်ပြီးနောက် နည်းပညာနှင့် စက်မှု လုပ် ငန်းနယ်ပယ်တွင် အဆင်မပြေမှုများအား 5GtoB က ဖြေရှင်းထားပြီးဖြစ်ကြောင်း၊ စံနမူနာ site အချို့အား အကြီးစားအသုံးပြုနိုင်သည့် အရွယ်အစားသို့ ပုံတူပွားအသွင် ပြောင်းသွားမည်ဖြစ် ကြောင်း၊  smart factories (၁၀၀၀)ကျော် ထွန်းကားလာစေရန် စက်မှုလုပ်ငန်းကွင်းဆက်တစ်ခု လုံးရှိ ၄င်းတို့၏ လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟွာဝေး၏ အကြီးတန်းဒါရိုက်တာနှင့် စီးပွားရေးလုပ်ငန်းအုပ်စု၏ အကြီးအကဲ Ryan Ding က  မှတ်ချက်ပြု ပြောကြားထားပါသည်။

ဆက်သွယ်ခြင်း၊ တွက်ချက်ခြင်းနှင့် လုပ်ငန်းဒစ်ဂျစ်တယ်မှုပြုခြင်းတို့တွင် ၄င်းတို့၏ အတွေ့အကြုံဖြင့် တည်ဆောက်ခဲ့ရာ ဟွာဝေးသည်  အော်ပရေတာများနှင့် အခြားလုပ်ငန်း မိတ်ဖက်များနှင့် အတူတကွ အလုပ်လုပ်ခဲ့ပြီး၊ အရောင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုများအား ခြုံငုံမိသော တစ်နေရာတည်းတွင် ဖြေရှင်း နိုင်သည့် 5GtoB solutionအား ဖွံ့ဖြိုးစေရန်ဆောင်ရွက်ခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ “5G+ Industrial Internet” မဟာဗျူဟာအား ဖွံ့ဖြိုးရာတွင် အလွန်အရေးကြီးပုံအား ကောင်းစွာသိမြင်ခဲ့ကာ ဗဟိုအစိုးရ၏ လုပ်ငန်း အစီရင်ခံစာတွင် (၄) နှစ်ဆက်တိုက် ဖော်ပြခဲ့ပါသည်။

လက်ရှိ၌ တရုတ်နိုင်ငံတွင် ဘိလပ်မြေ၊ မော်တော်ယာဉ်၊ ရေနံဓာတု၊ သံမဏိ၊ သတ္ထုတူးဖော်ရေးနှင့် ရေနံလုပ်ကွက်များအပါအဝင် လုပ်ငန်းပေါင်း (၂၂)ရပ်ကို ခြုံငုံသည့် “5G+ Industrial Internet” စီမံကိန်းပေါင်း (၁,၁၀၀)ကျော်အား တည်ဆောက်နေကြောင်း သိရပါ သည်။

ရင်းမြစ်၊ Xinhua (၉-၅-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

တရုတ်နိုင်ငံ၊ နန်နင်းမြို့

Loading