ပြည်ပသတင်းများ

စင်ကာပူအား အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့် စပ်လျဉ်း ၍ အချက်အချာကျသော ဒေသတစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရန် မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်

စင်ကာပူနိုင်ငံသည် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်စနစ် တိုးတက်ကောင်းမွန်သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်စေရန်အတွက် စင်ကာပူမူပိုင်ခွင့် မဟာဗျူ ဟာ ၂၀၃၀ (Singapore IP Strategy 2030)  ၁၀ နှစ် စီမံချက်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူမူပိုင်ခွင့်ရုံး (Intellectual Property Office of Singapore-Ipos)မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

တီထွင်ဆန်းသစ်မှု (Innovation)၊ ရုပ်ဝတ္ထုမရှိသော ပိုင်ဆိုင်မှုများ  (Intangible Assets-IA) နှင့် မူပိုင်ခွင့် (Intellectual Property – IP) တို့သည် စင်ကာပူနိုင်ငံ၏ စီးပွားရေးတွင် အရေးပါသော မောင်းနှင်အားများဖြစ်သည့်အတွက် ဥပဒေ၊ ငွေရေးကြေးရေးနှင့် စီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးမှ ဆက်စပ်ပတ်သက်သူ (Stakeholders) ၁,၀၀၀ ကျော်နှင့် အချိန် ကာလတစ်နှစ်ခွဲကြာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ Singapore IP Strategy 2030 ကို ရေးဆွဲခဲ့ပါကြောင်း၊ စင်ကာပူမူပိုင်ခွင့်ရုံး (Ipos) အပါအဝင် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်း ၁၀ ခုကျော် ပါဝင်ဖွဲ့စည်းထားသော ကော်မတီတစ်ခုသည် ဤစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကာ စင်ကာပူဝန်ကြီးချုပ်ရုံး၏ ဝန်ကြီး ဖြစ်သူ Ms. Indranee Rajah မှ ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဤစီမံချက် ဖြင့် စင်ကာပူအား  IA နှင့် IP တို့နှင့် စပ်လျဉ်း၍ ကမ္ဘာ့ဗဟိုဌာနတစ်ခုအဖြစ် အခိုင်အမာရပ် တည်နိုင်ရေး၊  IA နှင့် IP အသုံးပြုဆောင်ရွက်သော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ထိုသို့ အသုံးပြုဆောင်ရွက်လာစေရန် တိုက်တွန်းဆွဲဆောင်နိုင်ရေး၊ IA နှင့် IP ဆိုင်ရာ အထူးကျွမ်းကျင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်တွင် မူပိုင်ခွင့် (IP) နှင့် စီးပွားရေးလုပ်ငန်းများ၏ နာမည်ကောင်း (Goodwill) တန်ဖိုးတို့အပါအဝင် ရုပ်ဝတ္ထုမရှိသော ပိုင်ဆိုင်မှုများ (Intangible Assets – IA) ၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၅ ထရီလီယံထက်ကျော်လွန်၍ အမြင့်ဆုံး အခြေ အနေသို့ ရောက်ရှိခဲ့သည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း စင်ကာပူ၏ IP  စီမံ ချက်ပေါ်ထွက်လာခြင်းဖြစ်ကြောင်းနှင့် စင်ကာပူတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မူပိုင်ခွင့် လျှောက်ထားမှု အရေအတွက်သည် ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ ကြောင်း ဖော်ပြထားပါသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး

စင်ကာပူ

သတင်းရင်းမြစ်။  The Straits Times

Loading