ပြည်ပသတင်းများ

အရောင်းအဝယ်အေးသော်လည်း ပြောင်းဈေးနှုန်းများ အမြင့် ဈေးဖြင့် တည်ငြိမ်လျက်ရှိ

ဧပြီလ ၂၇ ရက်နေ့တွင် ပြောင်းစေ့ အရောင်းအဝယ်ဖြစ်မှု နည်းပါးနေသော်လည်း ဘရာဇီးလ်နိုင်ငံ၏ပြောင်းဈေးနှုန်းများမှာ ခိုင်မာလျက်ရှိသည်။ သီးနှံများရိတ်သိမ်းပြီးချိန်တွင် ခြောက်သွေ့သောရာသီဥတုဖြစ်ပေါ်မှုသည် စိုက်ပျိုးထုတ်လုပ်သူများအား သီးနှံများသိုလှောင် ထား ရန် တွန်းအားများဖြစ်ပေါ်လျက်ရှိသည်။

ပြောင်းစေ့တစ်အိတ်၏ Santos ဆိပ်ကမ်းအရောက် CIF တန်ဖိုးမှာ ဘရာဇီးလ်ဟဲရာ ၈၈ မှ ၁၀၀ အကြားနှင့် Paranaguá ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ၈၆ မှ ၉၈ ဟဲရာအကြားတို့ ဖြင့်  အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

ပြောင်းစေ့တစ်အိတ်၏ CIF တန်ဖိုးများမှာ Paraná ပြည်နယ် Cascavel ဆိပ်ကမ်း အရောက်တန်ဖိုးမှာ ၁၀၄ ဟဲရာနှင့် ၁၀၅ ဟဲရာအကြား၊ São Paulo ပြည်နယ်၊ Mogiana ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ၁၀၂ ဟဲရာနှင့် ၁၀၅.၅၀ ဟဲရာအကြား၊ Campinas ပြည်နယ်တွင် ၁၀၃ ဟဲရာနှင့် ၁၀၅ ဟဲရာအကြားတို့ဖြင့် အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် Rio Grande do Sul ပြည်နယ် Erechim ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ၉၉ ဟဲရာနှင့် ၁၀၀ ဟဲရာ အကြား၊ Minas Gerais ပြည်နယ် Uberlândia ဆိပ်ကမ်းအရောက် တန်ဖိုးမှာ ၉၂ ဟဲရာနှင့် ၉၅ ဟဲရာအကြား၊ Goiás ပြည်နယ် Rio Verde ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ၉၂.၅၀ ဟဲရာနှင့် ၉၅ ဟဲရာအကြား၊ Mato Grosso ပြည်နယ် Rondonópolis ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ၈၄ ဟဲရာနှင့် ၉၀ ဟဲရာအကြား အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br, giometti.ind.br

Loading