ပြည်ပသတင်းများ

၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ အော်ဂဲနစ်စားသောက်ကုန် တင်ပို့မှု ၅၁% တိုးတက်မှု ရရှိခဲ့ခြင်း

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၇-၄-၂၀၂၁ နေ့တွင် သတင်း ထုတ်ပြန်ချက်အရ အိန္ဒိယ၏ အော်ဂဲနစ်စားသောက်ကုန်များ ပြည်ပတင်ပို့မှုမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ တန်ဖိုးရူပီးငွေ ၇၀၇၈ ကုဋေ (အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၅၁% ခန့် တိုးတက်မှုရရှိကြောင်း သိရှိရပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဆီထွက်သီးနှံများ၊ ဆီကြိတ်ဖတ်များ၊ သစ်သီးဝလံ အနှစ်နှင့် ပျော့ဖတ်များ၊ နှံစားသီးနှံများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ လက်ဖက်ခြောက်၊ သစ်သီးခြောက်၊ သကြား၊ ပဲမျိုးစုံ၊ ကော်ဖီနှင့် ရနံ့အမွှေးဆီများအား အဓိက အော်ဂဲနစ်ပို့ကုန် များအဖြစ် တိုးတက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြာင်း၊ ၂၀၁၉ – ၂၀ ခုနှစ်တွင် အော်ဂဲနစ်ပို့ကုန် တန်ချိန် မှာ ၆၃၈,၉၉၈ တန်ရှိပြီး ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၈၈၈,၁၇၉ တန် တင်ပို့နိုင်သဖြင့် အရေ အတွက်အရ နှိုင်းယှဉ်ပါက ၃၉% တိုးတက်မှုရရှိကြောင်း၊ လက်ရှိကာလ၌ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ အစ္စရေးနှင့် တောင်ကိုရီးယား စသည့် အဓိကနိုင်ငံများ အပါအဝင် ၅၈ နိုင်ငံသို့ အိန္ဒိယ၏ အော်ဂဲနစ်ထုတ်ကုန်များအား တင်ပို့လျက် ရှိကြောင်း ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံ၌ အော်ဂဲနစ်ထုတ်ကုန်များ တင်ပို့ရာတွင် ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန် နိုင်ငံတို့က အသိအမှတ်ပြုထားသည့် အမျိုးသား‌အော်ဂဲနစ်ထုတ်ကုန်အစီအစဉ် (National Program for Organic Production – NPOP) အရ သတ်မှတ်ထားသည့် စိုက်ပျိုးထုတ်လုပ်မှု၊ စီမံပြုပြင်မှု၊ ထုပ်ပိုးမှု၊ အမှတ်တံဆိပ်ကပ်နှိပ်မှု စသည့်လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်ပါ သည်။ အိန္ဒိယနိုင်ငံ၏ ၁၉၉၂ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်မှုဆိုင်ရာ အက်ဥပဒေအရ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ လယ်ယာထွက် ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) က NPOP အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယအစိုးရသည် ‌အော်ဂဲနစ်ပို့ကုန်များ တင်ပို့မှုနှင့်စပ်လျဉ်း၍ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ဩစတေးလျ၊ အာရပ် စော်ဘွားများပြည်ထောင်စု၊ နယူးဇီလန်စသည်နိုင်ငံများနှင့် အပြန်အလှန် အသိအမှတ်ပြုမှုဆိုင် ရာသဘောတူညီချက်များရရှိရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။ APEDA ၏ ဥက္ကဋ္ဌ Dr M Angamuthu က အိန္ဒိယ၏ အော်ဂဲနစ်ထုတ်ကုန်များအပေါ် ပြည်ပ ဈေးကွက်၌ ဝယ်လိုအားမှာ တိုးတက်မှုများ ရရှိနေကြောင်း ပြောကြားခဲ့သည်။

Source:         India’s organic food products exports rise 51% to USD 1bn in 2020-21, 27-4-2021, Economic Times

Loading