ပြည်ပသတင်းများ

စမတ်စိုက်ပျိုးရေးဖွံ့ဖြိုးရန်ရည်ရွယ်သည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံသည် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းများ၏ အကူ အညီဖြင့် နည်းပညာနှင့်လယ်ယာစိုက်ပျိုးရေးကိုပေါင်းစပ်ပြီး ခေတ်မီ လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လျက်ရှိပါသည်။

တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးသိပ္ပံနှင့် ပီကင်းတက္ကသိုလ်တို့သည် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ပြီး၊ နှစ်ဘက်စလုံးသည် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အားဖြည့်ပေးမည်ဖြစ်ကြောင်း၊ အမျိုးသား ကျေးလက်ဆိုင်ရာ အဆင့်မြင့် အတွေးအခေါ် အကြံပေးအဖွဲ့တည်ထောင်၍ အတူတကွ လုပ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

ယင်းနှင့်တစ်နေ့တည်းတွင် တရုတ်လယ်သမားများ ရိတ်သိမ်းပွဲတော် ရွှေဆောင်း ရာသီ စားသုံးမှုရာသီ (၂၀၂၀) ကိုလည်း ပေကျင်း၌ကျင်းပခဲ့ရာ ထိုအခမ်းအနားတွင် လယ်ယာ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၊ ဗဟိုရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန နှင့်တရုတ်အီလက်ထရွန်နစ် ကုန်သွယ်ရေးကုမ္ပဏီ ဖျင်းသောသော (Pinduoduo) တို့ပူးပေါင်း၍ အွန်လိုင်းနှင့် အော့ဖ်လိုင်းအကြီးစား အစီအစဉ်ငါးခု ကျင်းပခဲ့ကြရာ၊ ပထမဦးဆုံး တိုက်ရိုက် ထုတ်လွှင့်မှုတွင် တရုတ်နိုင်ငံတစ်ဝှမ်း မျိုးစပ်ဆန်ဖခင်အဖြစ် လူသိများသော ပညာရှင် Yuan Longping ကလည်း ပါဝင်ဆွေးနွေးခဲ့ရာ၊ ယင်းက ခေတ်သစ်စိုက်ပျိုးရေးသည် အဆင့်မြင့်နည်း ပညာ လယ်ယာစိုက်ပျိုးရေး ဖြစ်ပြီး  “စက်မှု၊ လျှပ်စစ်နှင့် အသိဉာဏ်ပေါင်းစပ်အသုံးချ လယ်ယာ စိုက်ပျိုးရေး” ဖြစ်ကြောင်း ယခင် စိုက်ပျိုးရေး နှင့်မတူကြောင်မှတ်ချက်ပြုခဲ့သည်။

၂၀၁၆ ခုနှစ်အစောပိုင်းမှ စတင်၍ တရုတ်နိုင်ငံသည် နောင်လာမည့် ငါးနှစ်အတွင်း ခေတ်မီစိုက်ပျိုးရေးကို မြှင့်တင်ရန်စီစဉ်ထားပြီး၊ တရုတ်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာ တိုးတက်စေရန်နှင့်သတင်း အချက်အလက်လုပ်ငန်းနှင့် ပေါင်းစပ်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

ဒေသဆိုင်ရာအစီရင်ခံစာများအရ ခေတ်မီစိုက်ပျိုးရေးထုတ်လုပ်မှုတွင် နည်းပညာများကို တဖြည်းဖြည်း အကြီးအကျယ်အသုံးပြုလာခြင်းဖြင့်  လူစွမ်းအား အသုံးပြုမှု လွတ်မြောက်လာ စေခြင်းနှင့် ထုတ်လုပ်မှုစွမ်းရည်တိုးတက်ခြင်းတို့ဖြစ်စေကြောင်း၊ ယခုအခါဂြိုဟ်တု (နည်းပညာ) အသုံးပြု ရွေးချယ်ခွဲခြားခြင်း၊  အချက်အလက် (ဒေတာ) ခွဲခြမ်းစိတ်ဖြာခြင်း၊ ညဏ်ရည်တုနှင့် 5G နည်းပညာကို အသုံးပြုခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်မှုသည်စမတ်စိုက်ပျိုးရေးအဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း အဆင့်မြင့်နည်းပညာသုံး စိုက်ပျိုးရေးနည်း ပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံ၏ခေတ်မီစိုက်ပျိုးရေးဖွံ့ဖြိုးတိုး တက်မှုသည်လည်း တိုးတက်ခဲ့သည်။ အထူးသဖြင့် အင်တာနက်ကုမ္ပဏီများသည် ဒေသဆိုင်ရာ ဒီဂျစ်တယ် စိုက်ပျိုးရေးဆိုင်ရာဖြေရှင်းနည်းများကို ရှာဖွေရန်အဆင့်မြင့်နည်းပညာများကို အသုံး ပြု၍ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးခေတ်မီမှုသို့ ပြောင်းလဲခဲ့သည်။

ယမန်နှစ်၊ နှစ်လည်ပိုင်းတွင် တရုတ်နိုင်ငံ၏အဓိက အီလက်ထရောနစ်ကူးသန်းရောင်း ဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဖျင်းသောသော (Pinduoduo) သည် တရုတ်နိုင်ငံ၏ စိုက်ပျိုး ရေးလုပ်ငန်းတိုးတက်စေရန်နှင့် ဖွံ့ဖြိုးရန်ရည်ရွယ်၍ စိုက်ပျိုးရေး နည်းပညာပြိုင်ဆိုင်မှုကို ပြုလုပ်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ပွဲဝင်များသည် ညဏ်ရည်တု artificial intelligence နှင့် စက်သင်ကြားရေး machine learning  ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ သုံးလခွဲကြာ ကာလအတွင်း အဝေးနေ၍မှ စတော်ဘယ်ရီစိုက်ပျိုးရေးကို ဆောင်ရွက်ရန်ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်သူတို့၏ နည်းပညာနှင့်မည်မျှ စီးပွါးရေးအရအကျိုးရှိစေနိုင်ကြောင်း၊ စိုက်ပျိုးနည်း စနစ်များ၏ ယုံကြည်စိတ်ချရမှု၊ အရွယ်အစားနှင့် နည်းပညာဆိုင်ရာ ကောင်းကျိုးများအပေါ် အခြေခံ၍ အကဲဖြတ်ခြင်းဖြစ်ကြောင်း၊ အနိုင်ရသောအဖွဲ့သည် Pinduoduo Agritech Research Fund မှသုတေသနရန်ပုံငွေ၊ ယူနန်ပြည်နယ် Duo Duo ခြံတွင် အကောင်အထည်ဖော်ရာတွင် ကူညီရန်အခွင့်အလမ်းနှင့် နောက်ထပ်ပညာရေးနှင့် ကူးသန်းရောင်း ဝယ်ရေးအထောက်အပံ့များ ရရှိမည်ဖြစ်ကြောင်းဖေါ်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုသည် အသွင်ပြောင်းခြင်းနှင့် အဆင့်မြှင့် တင်ခြင်း၏အရေးကြီးသော ခေတ်တွင်ဖြစ်ကြောင်း၊ ယခုကဲ့သိုသော ယှဉ်ပြိုင်ပွဲများကျင်းပ ခြင်းဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုတွင် ဒီဂျစ်တယ်စိုက်ပျိုးရေးနည်းပညာကိုအသုံးပြုပြီး ကျင့်သုံး နိုင်သော ဉာဏ်ရည်တုနှင့်စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို တွေ့မြင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်စိုက်ပျိုးရေး တက္ကသိုလ်ဒုတိယဥက္ကဌ Gong Yuanshi ကပြောကြားခဲ့ သည်။

၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်တွင် ထုတ်ပြန်သည့် အတည်မပြုရသေးသည့် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖျင်းသောသော ၏အမှုဆောင်အရာရှိချုပ် Chen Lei က  ကုမ္ပဏီ သည် စိုက်ပျိုးရေးကိုမဟာဗျူဟာအရ အာရုံစိုက်မည်ဖြစ်ပြီး သုံးစွဲသူနှင့် ဆက်သွယ်မှုကို ဆက် လက်တည်ဆောက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟုပြောသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စိုက်ပျိုးရေးလုပ်ငန်းသည် လူအများစုအား ထိတွေ့ နိုင်ခဲ့သော်လည်း ဒီဂျစ်တယ်ပုံစံ အသွင်ပြောင်းခြင်း digitization  ပမာဏ အနည်းဆုံးရှိခဲ့သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဖျင်းသောသောသည် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးထိုး ဖေါက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်၏အစိတ်အပိုင်းများစွာတွင် နည်းပညာနှင့် ထုတ်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ နံပါတ်တစ် အွန်လိုင်း စိုက်ပျိုးရေးပလက်ဖောင်း အဖြစ် ရပ်တည်ချက်ကို ပိုမိုခိုင်မာအောင်လုပ် ဆောင်ရန်ရည်ရွယ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်စာရင်းများအရ သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့် လှုပ်ရှားမှုများအတွက် အမှာစာသန်း ၁၄၀ ကိုရောင်းချခဲ့ပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဘေးထွက် ထုတ်ကုန်အလေးချိန် ကတ်တီ စုစုပေါင်း ၈၅၀ သန်းကျော် ရောင်းချခဲ့ရကြောင်း( ၁ ကတ်တီ= ၁.၃၂ ပေါင်)၊ လက်ရှိတွင် ဖျင်းသောသောသည် တိုက်ရိုက် လွှင့်ထုတ်လွှင့်မှုပေါင်း ၁၀၀ ကျော်အား ကျေးလက်ဒေသများရှိပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ ၂၀ ကျော်အတွက် ပြုလုပ်ခဲ့ပြီး၊ တိကျသော လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းပညာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားခြင်းဖြင့် သွင်းအားစုများကောင်းမွန်စေရန်၊ ရောဂါများ ကိုထိန်းချုပ်ရန်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန် ကူညီနိုင်ရန်ဖြစ်ကြောင်း Chen ကပြောကြားခဲ့သည်။

သွင်းအားစုများအသုံးချမှု တိုးတက်ကောင်းမွန်စေရန်၊ ရောဂါများကို ထိန်းချုပ်ရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်ကူညီနိုင်သော တိကျသော လယ်ယာစိုက်ပျိုးရေး precision farming  နှင့် ပတ်သက်သော နည်းပညာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ ထို့ပြင် အခြားအစီအစဉ်များဖြစ်သော လယ်ယာစိုက်ပျိုးရေး အတွက်ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းခြင်း၊ သိုလှောင်ခြင်းနည်းပညာနှင့် အပူချိန် ထိန်းချုပ်သောထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာအခွင့်အလမ်းများ ရရှိရန်အတွက် အဆင့်မြင့်ထုပ်ပိုးမှု ဖြေရှင်းနည်းများကို ရှာဖွေနေ ကြောင်းလည်း ပြောပါသည်။

ZTE သည် 5G စမတ်စိုက်ပျိုးရေးစီးပွားဖြစ် သရုပ်ပြမှုကို နယ်သာလန်တွင် ဆောင် ရွက်ခဲ့ကြောင်း၊ ယင်းသရုပ်ပြပွဲတွင် အာလူးစိုက်ခင်းများအား ရှင်းလင်းပြတ်သားသော  HD ဓာတ်ပုံရိုက်ကူးခြင်းကို ဒရုန်းများဖြင့် ပြုလုပ်ခဲ့ပြီး၊ စုဆောင်းရရှိသည့် ဓာတ်ပုံများကို 5G မိုဘိုင်း ကွန်ယက်မှတဆင့် ဆာဗာသို့ပြန်လည် ပေးပို့ခဲ့ရာတွင် စုဆောင်းရန်နှင့် ပြန်လည်ရောက်ရှိ ရန်ကြာချိန်ကို နှစ်ရက်မှ နှစ်နာရီအထိ လျှော့ချဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် “အနာဂတ်ကို ရင်ဆိုင်ရာတွင် စိုက်ပျိုးရေး ကဏ္ဍအတွက် ဒီဂျစ် တယ်စနစ်ကိုပိုမိုမြှင့်တင်ရန် လိုအပ်နေသေးကြောင်း၊ စိုက်ပျိုးရေးထုတ်လုပ်မှု ကွင်းဆက်၏ ကနဉီး ထုတ်ကုန်ဖွံ့ဖြိုးမှုနှင့် အကောင်အထည် ဆောင်ရွက်မှုလုပ်ငန်းစဉ် (front-end)၏ မျက်နှာစာတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့်အားဖြည့် ဆောင်ရွက်သင့်ပြီး ဘာသာရပ် ပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ သိပ္ပံနည်းကျ သုတေသနစမ်းသပ်ဆောင်ရွက်မှု နှင့်လက်တွေ့ မြေပြင်ဆောင်ရွက်မှုတို့အကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ထိန်းသိမ်း ရန်နှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် စိုက်ပျိုးရေးဆိုင်ရာ ဒီဂျစ်တယ်အသွင်ပြောင်းခြင်း agricultural digitalization ကို အသုံးပြုသင့်ကြောင်း တရုတ်နိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာမှ သုတေသနပြုသူ Xu Zhuqing က ပြောပါသည်။      

 

 ဒေါက်တာဝေရီလင်း၊ စီးပွားရေးသံမှူး

 ကူမင်းမြို့

 ရင်းမြစ် https://pandaily.com/china-aims-to-develop-smart-agriculture/

Loading