ပြည်ပသတင်းများ

ပါကစ္စတန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းသော ဆန်ကွဲ အိတ်များ၌ COVID-19 ရောဂါပိုးများ ပါဝင်နေသည်ကို တွေ့ရှိခဲ့

ကွမ်တုန်းပြည်နယ်၊ Zhanjiangရှိ Leizhou စည်ပင် သာယာအစိုးရ ၀က်ဘ်ဆိုက်မှ မတ်လ ၃၀ ရက်နေ့တွင် တင်ထားသည့် သတင်းများအရ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသည့် ဆန်ကွဲအိတ်များ၌ COVID-19 ရောဂါပိုးများ တွေ့ရှိကြောင်းနှင့် ၄င်းဆန်ကွဲများမှာ Leizhou မြို့ တော်၏ Songzhu စီရင်စုရှိ Fangjia ကျေးရွာ မွေးမြူရေးခြံထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။

ဆန်ကွဲအိတ်များအတွင်း COVID-19 ရောဂါပိုးများ ပါဝင်နေကြောင်းသိလျှင်သိချင်း Leizhou မြို့တော်စျေးကွက်ကြီးကြပ်ရေးအုပ်ချုပ်ရေးမှူးဒုတိယညွှန်ကြားရေးမှူး Guo Wangyu ဦးဆောင်သည့်အဖွဲ့သည် မတ်လ (၂၉) ရက်နေ့တွင် Songzhu စီရင်စုသို့ အလျှင်သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများကို အမြန်စတင်ခဲ့သည်ဟု သိရပါသည်။

အချိန်မီ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်များသည် COVID-19 ရောဂါပိုး ပါ၀င်နေသောထုတ်ကုန်များအား ခြေရာခံစစ်ဆေးခဲ့ကာ၊ ၄င်းပစ္စည်းများကို ကိုင်တွယ်ခဲ့သော၀န်ထမ်းများနှင့် ကုန်ပစ္စည်းများကို Nucleic acid စစ်ဆေးမှု များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

ယခုနောက်ပိုင်းတွင် ရရှိသည့် သတင်းအချို့အရ ပြည်ပမှ တင်သွင်းသည့် ဆန်ကွဲများ အား ဆိုက်ရောက်ရာဆိပ်ကမ်းအသီးသီးရှိ သိုလှောင်ရုံများတွင် ထားရှိရမည်ဖြစ်ကာ Nucleic acid စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် အချိန်ပိုမိုကြန့်ကြာပြီး ကုန်ကျစရိတ်များ ပိုမိုများလာသည့် အတွက်လည်း ကောင်း၊ စားနပ်ရိက္ခာ အရန်သိုလှောင်ထားသည့် ဆန်ကွဲများအား ဈေးကွက်အတွင်းထုတ်ရောင်း ပေးနေသဖြင့်လည်းကောင်း၊ ဇွန်လအတွင်း ပြည်တွင်းစိုက်စပါး အသစ်များကို ရိတ်သိမ်းတော့ မည်ဖြစ်သည့်အတွက်လည်းကောင်း ဆန်ကွဲတင်သွင်းသူ လုပ်ငန်းရှင်များမှာ ပြည်ပမှ လတ်တ လော ဝယ်ယူရန် များစွာစဉ်းစားနေကြကြောင်း သတင်းရရှိပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ အင်တာနက်နှင့် ကုန်သည်များထံမှ မေးမြန်းသိရှိသည့် အချက်အလက်များ

Loading