ပြည်ပသတင်းများ

ဩစတြေးလျအစိုးရက ကုန်သွယ်မှုသဘောတူစာချုပ်များနှင့် ကိုဗစ်ကာကွယ်ဆေးတို့အတွက် အီးယူ၊ ယူကေတို့နှင့်ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်

ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mr. Dan Tehan သည်ဩစတြေးလျနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ အားပေးနိုင်ရေးအတွက်ကုန်သွယ်မှု သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်နှင့် ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့မှုတို့အတွက် ညှိနှုင်းဆွေးနွေးရန်အီးယူနှင့် ယူကေနိုင်ငံများသို့ ဧပြီလ တတိယအပတ် တွင်သွားရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်းဝန်ကြီးသည်ဩစတြေးလျ-ယူကေကုန်သွယ်မှုသဘောတူစာချုပ်ကို နိုင်ငံ တကာကုန်သွယ်မှု၏ Secretary of State ဖြစ်သည့် ပါလီမန်အဖွဲ့ဝင် Liz Truss နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံအကျိုးအမြတ်ရရှိမည့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုဖြစ်ကြောင်းသိရှိရပါ သည်။ ယူကေဖက်မှဩစတြေးလျနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွင် ယူကေလုပ်ငန်း များဝင်ရောက်ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေးအတွက် ဈေးကွက်ဖွင့်လှစ်ရန် လိုလားကြောင်းပြောကြား ခဲ့ပါသည်။ သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ဇွန်လဆန်းပိုင်းတွင် အပြီးသတ်ရန် မျှော်မှန်းထားပါသည်။

Mr. Dan Tehan သည် (၂၁-၄-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဩစ တြေးလျ-ပြင်သစ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် Foreign Trade and Economic Attractiveness ဝန်ကြီး Franck Riester နှင့်ပူးတွဲသဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ဝန်ကြီးသည် ဥရောပဒုတိယ ကော်မရှင် နှင့်ကုန်သွယ်ရေးကော်မရှင်နာ Valdis Dombrovskis နှင့်တွေ့ဆုံ၍ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုနှင့် အီးယူကာကွယ်ဆေးတင်ပို့မှု ကန့်သတ်ချက်အစီအစဉ်နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုရလဒ်များအရ AstraZeneca ကိုဗစ် ကာကွယ်ဆေး သန်းဂဏန်းအား အီးယူမှ ဩစတြေးလျသို့ တင်ပို့ပေးမည့် အာမခံချက်ရရှိခဲ့ပါ သည်။

Mr. Dan Tehan ကကုန်သွယ်ရေးသည် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ကြောင်း၊ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်းကို အထောက်အကူပြုကြောင်းနှင့် နိုင်ငံတ ကာတွင် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးနိုင်သည့်အတွက် အပြန်အလှန် အကျိုးရှိစေပြီး၊ စေ့စပ် ညှိနှိုင်းမှုများသည် အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပြု၍ စည်းမျဉ်းစည်းကမ်းများကို အခြေခံသည့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို ထိန်းသိမ်းထားမည်ဖြစ် ကြောင်း၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသည့်ကုန်သွယ်မှု သဘောတူစာချုပ်များဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အပြီးသတ်နိုင်ရေးအတွက် အီးယူ၊ ယူကေတို့နှင့် စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဩစတြေးလျနှင့် စာချုပ်ချုပ်ဆိုထား သည့် အီးယူကထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးနှင့် ထောက်ပံ့မှုနှင့် အီးယူအနေဖြင့် ကမ္ဘာ လုံးဆိုင်ရာ ကိုဗစ်ကာ ကွယ်ဆေးထောက်ပံ့မှုကို ပိုမိုမြှင့်တင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ဩစတြေးလျနိုင်ငံသည် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် (၁၅) ခုကို နိုင်ငံပေါင်း (၂၆) နိုင်ငံနှင့် ချုပ်ဆိုထားပြီး၊ အပြန်အလှန်ကုန်သွယ်မှုတွင် ၂၀၁၃ ခုနှစ်က ၂၆ % သာရှိခဲ့ရာမှ ယခုအခါ ၇၀ % ခန့် ပါဝင်နေပြီဖြစ်ပါသည်။ အီးယူ၊ ယူကေတို့နှင့် ကုန်သွယ်ရေး သဘောတူစာချုပ်များမှာ ဩစတြေးလျ ထုတ်လုပ်သူများအတွက် စားသုံးသူ သန်း ၅၀၀ ကျော် ရှိသည့် ဈေးကွင်ဝင်အခွင့်အလမ်းရရှိနိုင်ပြီး၊ ၄င်းမှတစ်ဆင့်ဩစတြေးလျနိုင်ငံတွင် အလုပ်အကိုင် ရရှိမှု၊ စီးပွားရေးတိုးတက်မှု၊ ကုန်သွယ်မှု အခွင့်အလမ်းများနှင့် တီထွင်ဆန်းသစ်မှုများကို ရရှိစေ နိုင်မည် ဖြစ်ပါသည်။

Loading