ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဘရာဇီးလ်နိုင်ငံ၏ ကြက်သား တင်ပို့မှုသည် ယခင်နှစ်ကာလတူ တင်ပို့မှုထက် ၁၃ ရာခိုင်နှုန်း ပိုမိုတိုးတက်

၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဘရာဇီးလ်နိုင်ငံ၏ ကြက်သား တင်ပို့မှုသည် တန်ချိန် ၃၉၆,၀၀၀ ရှိခဲ့ပြီး အဆိုပါတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် တင်ပို့ခဲ့သည့်တန်ချိန် ၃၄၉,၅၀၀ နှင့်နှိုင်းယှဉ်ပါက ၁၃.၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် မတ်လအတွင်း ကြက်သားတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၀၃.၆ သန်း ဝင်ငွေရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ကာလတူတွင် ရရှိခဲ့သည့် ဝင်ငွေအမေရိကန်ဒေါ်လာ ၅၅၂.၅ သန်းနှင့်နှိုင်းယှဉ်ပါက ၉.၂ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ကြောင်း  the Brazilian Association of Animal Protein (ABPA) ၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပထမ ၃ လတာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ကြက်သားတင်ပို့မှုတွင် တန်ချိန် ၁.၀၃၆ သန်းရှိခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၅၅၉ ဘီလီယံရရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကာလတူတွင် ကြက်သားတန်ချိန် ၁.၀၂၁ သန်းတင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆၃၅ ဘီလီယံရရှိခဲ့ကြောင်း အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတကာဈေးကွက်သို့ ဘရာဇီးလ်နိုင်ငံ၏ ကြက်သား တင်ပို့မှုသည် အစောပိုင်း ၂ လတာကာလထက် ပို၍အလားအလာကောင်းကြောင်း၊ ၂၀၂၁ ခုနှစ် အတွင်း ကြက်သားတိုးတက်ထုတ်လုပ်နိုင်မည့် အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်း ထားရန်လိုကြောင်း ကြက်သားထုတ်လုပ်ရေးအသင်း၏ ဈေးကွက်ဒါရိုက်တာ Luis Rua က သတင်းဌာနသို့ ပြောကြားခဲ့သည်။

အာရှနိုင်ငံများမှ တရုတ်နိုင်ငံ၏ကြက်သားတင်သွင်းမှုသည် မတ်လအတွင်း တန်ချိန် ၅၅,၆၀၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆.၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ပထမ ၃ လတာကာလအတွင်း ကြက်သားတင်သွင်းမှုသည် တန်ချိန် ၁၄၈,၀၀၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကာလတူနှိုင်းယှဉ်ပါက ၁၁.၆ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

ဘရာဇီးလ်နိုင်ငံမှ တင်ပို့သည့် ကြက်သားဈေးကွက်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ ၏ တင်သွင်းမှုသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ မတ်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ကြက် သားတင်သွင်းမှုသည် တန်ချိန် ၄၁,၁၀၀ ရှိခဲ့ပြီး ပထမ ၃ လတာကာလအတွင်းတင်သွင်းမှု စုစုပေါင်း တန်ချိန် ၁၂၀,၈၀၀ ရှိကြောင်း၊  ထို့အပြင် အာဖရိကနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံ၏ ကြက်သားတင်သွင်းမှုသည် မတ်လအတွင်း တန်ချိန် ၂၉,၉၀၀ ရှိခဲ့ပြီး ပထမ ၃ လတာကာလ အတွင်း စုစုပေါင်းတင်သွင်းမှုသည် တန်ချိန် ၇၈,၄၀၀ ရှိကြောင်း၊ အာရှရှိ တရုတ်ဈေးကွက်အပြင် ရုရှနိုင်ငံသို့ ကြက်သားတင်ပို့နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ရုရှနိုင်ငံသို့ သွားရောက်ခဲ့ သည့် ဘရာဇီးလ်သမ္မတ၏ ခရီးစဉ်အတွင်း ရုရှသမ္မတနှင့်ဆွေးနွေးခဲ့ကြောင်း သတင်းတွင်ဖော် ပြထားသည်။

ဘရာဇီးလ်နိုင်ငံတွင် ကြက်သားအများဆုံးထုတ်လုပ်တင်ပို့သည့် Paraná ပြည်နယ်၏ ၂၀၂၁ ခုနှစ် ပထမ ၃ လတာကာလအတွင်း ကြက်သားတင်ပို့မှုသည် တန်ချိန် ၄၁၉,၀၀၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကာလတူတင်ပို့မှုထက် ၅.၄ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့ခဲ့ကြောင်း၊ ဒုတိယ အများဆုံးထုတ်လုပ်တင်ပို့သည့် Santa Catarina ပြည်နယ်၏ ပထမ ၃ လတာကာလအတွင်း စုစုပေါင်း ကြက်သားတင်ပို့မှုသည် တန်ချိန် ၂၂၅,၉၀၀ နှင့် တတိယအများဆုံးတင်ပို့သည့် Rio Grande do Sul ပြည်နယ်၏ ကြက်သားတင်ပို့မှုသည် တန်ချိန် ၁၆၁,၀၀၀ ရှိခဲ့ကြောင်း သတင်း တွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br

Loading