ပြည်ပသတင်းများ

အိန္ဒိယနိုင်ငံ၌ မတ်ပဲတင်သွင်းခွင့် ခွဲတမ်းများအပေါ် ပြင်ဆင် ချက်များ ထုတ်ပြန်ခြင်း

အိန္ဒိယနိုင်ငံ၌ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] under HS Codes 0713 31 10, 0713 90 10 and 0713 90 90) တန်ချိန် ၁ ဒသမ ၅ သိန်းကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ၃၁-၃-၂၀၂၁ နေ့အထိ တင်သွင်းခွင့်ပြု ကြောင်း အိန္ဒိယပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁-၁၀-၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် S.O.3446 (E) ဖြင့် ထုတ်ပြန်ထားခဲ့ပါသည်။

သို့ရာတွင် မတ်ပဲများအား အဓိကတင်ပို့ရာ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် တင်သွင်းရန် ခက်ခဲမှုအပေါ် နောက်ဆုံးထားတင်သွင်းရမည့် ကာလအား တိုးမြှင့်ပေးရန် ကုန်သည်များက တောင်းဆိုခဲ့ကြသဖြင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာန သည် ၁၉-၃-၂၀၂၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် S.O.1261 (E) ကို ထုတ်ပြန်လျက် အဆိုပါ မတ်ပဲတန်ချိန် ၁ သိန်း ၅ သောင်းအား ၃၀-၄-၂၀၂၁ နေ့အထိ တင်သွင်းခွင့် ကာလသက်တမ်းတိုးမြှင့် ပေးလိုက်ကြောင်း သိရှိရပါသည်။

ထို့အပြင် ၄-၃-၂၀၂၁ နေ့၌ အမိန့်ကြော်ငြာစာအမှတ် S.O. 1017(E) ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မတ်ပဲတန်ချိန် ၄ သိန်းကို ပြည်ပမှ တင်သွင်းရန်အတွက် ပဲခွဲစက်များနှင့် ပြန်လည်သန့်စင်ရေးလုပ်ငန်းများသို့ ခွဲတမ်းချထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခဲ့ရာ ယခုအခါ ပဲတင်သွင်းသူကုန်သည်များသို့ပါ အဆိုပါခွဲတမ်းသတ်မှတ်ချက်၌ ပါဝင်လုပ်ကိုင်ခွင့်ပြု လျက် လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပြင်ဆင်ဖော်ပြသည့် အမိန့်ကြော်ငြာစာအမှတ် S.O.1372(E) ကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက ၂၆-၃-၂၀၂၁ နေ့တွင် ထပ်မံထုတ်ပြန် ခဲ့ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source: 1. Notification No. S.O.1261(E) dated 19th March 2021 of Department of Commerce of India

  1. Notification No. S.O.1372(E) dated 26th March 2021 of Department of Commerce of India

Loading