ပြည်ပသတင်းများ

အာဆီယံနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဇောက်ချဆောင်ရွက်သွားမည့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ

ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံ နိုင်ငံများနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အဆင့်မြင့်နေရာသစ်တစ်ရပ်ဖြစ်လာစေရန် အားထုတ်ကြိုးပမ်းမှု များ ပြုလုပ်ဆောင်ရွက်နေကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများက မတ်လ (၁၂) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကွမ်ရှီးဒေသအနေဖြင့် “ကျန်းမာရေးပိုးလမ်းမ” တည်ဆောက်ရေးအား ဇောက်ချဆောင်ရွက် သွားမည်ဖြစ်ကာ၊ လန်ချန်း-မဲခေါင်ဒေသအတွင်း၌ ကူးစက်တတ်သည့် ရောဂါများအတွက်  နယ်စပ် ဖြတ်ကျော် ရောဂါပူးပေါင်းကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံကိန်း အကောင်အထည်ဖော်မှုအား ရှေ့ဆက်ဆောင်ရွက်သွားရန် တွန်းအားပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်ရှိ နိုင်ငံများနှင့် ဒေသများသို့ thalassemia ရောဂါကာကွယ်ရေးနှင့် ကုသရေး၌ ကွမ်ရှီး၏ အတွေ့အကြုံများအား  မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆-၂၀၂၀) အတွင်း ကွမ်ရှီးဒေသက  အပြည်ပြည်ဆိုင်ရာဆေးဝါးတီထွင်ဆန်းသစ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း) နှင့် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကဲ့သို့သော အခမ်းအနားကြီးများကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

တိမ်စွဲခြင်းကြောင့် မျက်လုံးအမြင်အာရုံဆုံးရှုံးမှုအား လျှော့ချရေးလှုပ်ရှားမှုကိုလည်း ကွမ်ရှီးနှင့် ကမ္ဘောဒီးယားတို့၌ စတင်ခဲ့ကာ ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

ကွမ်ရှီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် (၇) ဉီး ပါဝင်သောအဖွဲ့အား (၂၀၂၀) ပြည့်နှစ်၊ မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ စေလွှတ်ခဲ့ကာ ကိုရိုနာကပ်ရောဂါ တိုက်ဖျက်ရာ တွင် ပါဝင်အထောက်အကူပြုစေခဲ့ပြီး၊ ထိုကဲ့သို့စေလွှတ်ခဲ့မှုက တရုတ်နိုင်ငံမှ အာဆီယံသို့ ပထမဆုံး စေလွှတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

လာမည့်နှစ်အနည်းငယ်အတွင်း အာဖရိကတိုက်ရှိ နီဂျာနှင့် ကိုမိုရော့စ်နိုင်ငံများသို့ ကွမ်ရှီးမှ ဆေးဝါးကျွမ်းကျင်သူအဖွဲ့များအား ဆက်လက်စေလွှတ်သွားရန်ရှိကြောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောကြားထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၇-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading