ပြည်ပသတင်းများ

တိရိစ္ဆာန်ကပ်ရောဂါကာကွယ်ရေးဥပဒေ၊ စီမံခန့်ခွဲမှုဒဏ်ကြေး ဥပဒေနှင့် ကမ်းရိုးတန်းစောင့်ကြပ်ရေးဥပဒေတို့အား ပြန်လည် သုံးသပ်ပြင်ဆင်ခဲ့သည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အပြီးသတ်ကျင်းပခဲ့သော (၁၃) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်စ်၏ အမြဲတမ်းကော်မတီအစည်းအဝေးတွင် ဥပဒေပြုသူများက တိရိစ္ဆာန်ကပ်ရောဂါကာကွယ်ရေးဥပဒေ၊ စီမံခန့်ခွဲမှုဒဏ်ကြေးဥပဒေနှင့် ကမ်းရိုးတန်းစောင့်ကြပ်ရေးဥပဒေတို့အား ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ကြကာ၊ သမ္မတရှီကျင့်ဖျင်း က အဆိုပါဥပဒေများအား ပြဌာန်းရန် အမိန့်စာများတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

၎င်းဥပဒေများအနက် ပြန်လည်ပြင်ဆင်လိုက်သည့် ကမ်းရိုးတန်းစောင့်ကြပ်ရေးဥပဒေ မှာ နိုင်ငံတော်အချုပ်အခြာ၊ လုံခြုံရေးနှင့် ရေကြောင်းအခွင့်အရေးများနှင့် အကျိုးကျေးဇူးများ အား ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ အာမခံမှုများအား ပံ့ပိုးပေး ပါသည်။

ပြင်ဆင်လိုက်သည့် တိရိစ္ဆာန်ကပ်ရောဂါကာကွယ်ရေးဥပဒေမှာ လူသားများ၏ဘဝ များနှင့် ကျန်းမာရေးအား ကာကွယ်ရေးနှင့် တိရိစ္ဆာန်ကျန်းမာရေး စီမံခန့်ခွဲမှုအတွက် ဥပဒေ ဆိုင်ရာစနစ် တိုးတက်ကောင်းမွန်ရေးတို့အပေါ် ဇောင်းပေးထားပါသည်။ ပြန်လည်ပြင်ဆင်လိုက် သည့် စီမံခန့်ခွဲမှုဒဏ်ကြေးဥပဒေမှာ ဥပဒေအခြေခံထားသော အစိုးရတစ်ရပ် တည်ဆောက်ရေး ကို ရှေ့သို့ ပိုမိုရောက်စေပါသည်။

ဥပဒေ (၃) ရပ်အား ပြင်ဆင်ခြင်းအပြင် ပေကျင်းဘဏ္ဍာရေးဆိုင်ရာ တရားရုံး တည်ထောင်ရေးအပေါ် ဆုံးဖြတ်ချက်၊ တရုတ်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့အကြား ပြစ်ဒဏ် ကျခံနေရသည့် ပုဂ္ဂိုလ်များအား လွှဲပြောင်းပေးရေး သဘောတူညီချက်နှင့် မော်ရိုကိုနိုင်ငံနှင့် ပြစ်မှုကျူးလွန်ခဲ့ရာတိုင်းပြည်သို့ တရားခံကို လွှဲပြောင်းပေးရန် သဘောတူညီချက်တို့ကိုလည်း ဥပဒေပြုသူများက အတည်ပြုခဲ့ကြပါသည်။

ပေကျင်းဘဏ္ဍာရေးဆိုင်ရာတရားရုံး တည်ထောင်ရန်ဆုံးဖြတ်လိုက်ခြင်းမှာ တရုတ် နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာမဟာဗျူဟာ အကောင်အထည်ဖော်ရေးအတွက်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ရင်းမြစ် ၊ Xinhua (၂၂-၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading