ပြည်ပသတင်းများ

နယ်သာလန်နိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းမှ ပြန်လည်နာလန်ထူရန် စတုတ္ထမြောက် အကောင်းဆုံးအခြေအနေတွင် ရှိနေ ခြင်း

နယ်သာလန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအကြား ကိုဗစ်- ၁၉ ကပ်ရောဂါအကျပ်အတည်း မှ စီးပွားရေးပြန်လည်နာလန်ထူရန် ကောင်းမွန်မှုရှိသည့်အခြေအနေတွင် အဆင့် (၄) ၌ ရပ်တည် နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အစီရင်ခံစာအရ သိရသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ၎င်း၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ပိုင်း ကျွမ်းကျင်မှုများတွင် အထူးသဖြင့် အမှတ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သုံးသပ်ချက်အရ နယ်သာလန်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး နှင့် ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှု ရှေ့တန်းရောက်သည့်အခြေအနေကြောင့် နေအိမ်မှတစ်ဆင့် အလုပ်တာဝန်များ ဆောင်ရွက်နေစဉ်တွင် စီးပွားရေးကို ဆက်လက်ရှင်သန်စေနိုင်ခြင်းဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံအနေဖြင့် အနာဂတ်လုပ်သားဈေးကွက်အတွက် ကျွမ်းကျင်မှုပိုင်းနှင့် သင်တန်း ပိုင်းနယ်ပယ်များတွင်လည်း အမှတ်ကောင်းစွာ ရရှိထားကြောင်း၊ ကောင်းမွန်သည့်အများပြည်သူ သွားလာရေးစနစ်နှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များကြောင့်လည်း ထိုသို့အမှတ်ကောင်း များ ရရှိစေခဲ့ခြင်းဖြစ်သည်ဟု သုတေသနပညာရှင်များက ပြောကြားသည်။

အသွားအလာကန့်သတ်ပိတ်ဆို့မှုများ (lockdown) သည် စီးပွားရေးအတွက် ဆိုးကျိုး သက်ရောက်မှုရှိသော်လည်း နယ်သာလန်နိုင်ငံအနေဖြင့် ယင်းကို ကောင်းစွာကိုင်တွယ်ထားနိုင် ကြောင်း၊ သို့ရာတွင် အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှတ်ရရှိမှုသည် နည်းပါးနေသေး ကြောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုတွင် ပိုမိုရင်းနှီးမြှုပ်နှံရန်လိုအပ်နေပြီး၊ big data၊ ဉာဏ်ရည်တု (Artificial Intelligence) နှင့် စက်ရုပ်တီထွင်အသုံးချမှုပညာစသည့် နည်းပညာ အသစ်များတွင် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို ပိုမိုဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အစီရင်ခံစာအရ သိရပါသည်။

ရင်းမြစ် –   (နယ်သာလန်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading