ပြည်ပသတင်းများ

ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း ဘယ်လ်ဂျီယံ နိုင်ငံသားများ အွန်လိုင်းမှဝယ်ယူမှု ပိုမိုပြုလုပ်

BeCommerce ဈေးကွက်စောင့်ကြည့်လေ့လာရေး၏ ထုတ် ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ ဘယ်လ်ဂျီယံ နိုင်ငံသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်အတွင်း အွန်လိုင်းမှ ဝယ်ယူသုံးစွဲမှု (၃၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်းသိရသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ စားသုံးသူများမှ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲမှု သည် စုစုပေါင်းတန်ဖိုးအားဖြင့် ယူရို ၈ ဒသမ ၁ သန်းရှိခဲ့သည်ဟု ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသည့် ပါဆယ်(၄) ခုလျှင်တစ်ခုကျော်သည် အဝတ်အထည်များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၏ ပထမနှစ် ဝက်ကာလအတွင်း အဝတ်အထည်ဝယ်ယူမှုသုံးကြိမ်လျှင် တစ်ကြိမ်မှာ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလမတိုင်မီက အွန်လိုင်း မှ ဝယ်ယူသည့် အချိုးအစားမှာ ၂၀ ရာခိုင်နှုန်းအောက်လျော့နည်းခဲ့ကြောင်း သိရသည်။

သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ ဝန်ဆောင်မှုကဏ္ဍအပေါ် သက်ရောက်မှု ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးအပေါ် သိသာသော ရိုက်ခတ်မှုရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် e-commerce လုပ်ငန်းမှ turnover မှာ ယူရို ၅ ဒသမ ၁ ဘီလီယံရှိခဲ့သဖြင့် ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ နှစ်အလိုက် နှိုင်းယှဉ်ချက်တွင်မူ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading