ပြည်တွင်းသတင်းများ

Climate Friendly Agribusiness Value Chains (CFAVC) Project အကောင်အထည် ဖော်နိုင်ရေး စီမံကိန်းတွင်ပါဝင်မည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပခဲ့ခြင်း ၂၈-၈-၂၀၂၀ ရက်နေ့၊ သောကြာနေ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း ဦးစီးဌာနသည် ADB ချေးငွေ၊ GASFP ၏ ထောက်ပံ့ငွေတို့ဖြင့် ဖော်ဆောင်မည့် Climate Friendly Agribusiness Value Chains (CFAVC) Project အောက်ရှိ Component / Output 3 အား အောင်မြင်စွာ ပါဝင် အကောင်အထည် ဖော်ဆောင်နိုင်ရေးတွင် ပါဝင်ဆောင်ရွက်ကြမည့် Agribusiness Cell မှ အဖွဲ့ဝင်များအတွက် “Capacity Development Training on Application of SPSS for Research, Survey and Analysis” သင်တန်းကို (၂၄-၈-၂၀၂၀) ရက်မှ (၂၈-၈-၂၀၂၀) ရက်ထိ USAID၊ ACDI/ VOCA တို့မှ နည်းပညာဆိုင်ရာ ပါဝင်ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်း၏ ဖွင့်ပွဲအခမ်းအနားကို (၂၄−၈−၂၀၂၀)ရက်နေ့နံနက် (၁၀:၃၀) နာရီ တွင် ရုံးအမှတ်(၁၅)ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန္တာကြည် နှင့်  USAID မှ Acting Mission Director ဖြစ်သူ Ms. Pamela Fessenden တို့မှ အဖွင့်အမှာ စကားများ အသီးသီး ပြောကြားခဲ့ပါသည်။

သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် စီမံကိန်းဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် (အထူးသဖြင့် အချက်အလက်/ မူဝါဒဆန်းစစ်ခြင်း၊ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းများ လေ့လာစောင့်ကြည့် အကဲဖြတ်ခြင်း)  ပိုမိုမြင့်မားလာစေရန်၊ စီမံကိန်းပါရလဒ်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အထောက်အကူ ပြုစေရန် နှင့် ဝန်ကြီးဌာန၏လုပ်ငန်း လမ်းညွှန်ဖြစ်သည့် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာပါရလဒ်များ အကောင်အထည်ဖော်ရေး အထောက်အကူပြုစေရန်တို့ ဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို  (၂၈-၈-၂၀၂၀) ရက်တွင် ရုံးအမှတ် (၁၆)၊ နေပြည်တော်၌ ကျင်းပ ခဲ့ရာ အဆိုပါအခမ်းအနားသို့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်းမှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

Loading