ပြည်ပသတင်းများ

လူနေမှုစရိတ်သက်သာစေရန် လျှော့ဈေးဖြင့်ရောင်းချသည့် လှုပ်ရှားမှု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လကုန်အထိ အွန်လိုင်းမှကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှု များ မှာကြားဝယ်ယူကြသူများအတွက် လူနေမှုစရိတ် သက်သာစေ ရန်လျှော့ဈေးဖြင့်ရောင်းချသည့် လှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်က ယခုလှုပ်ရှားမှုတွင် ကုန်ပစ္စည်းအမျိုးပေါင်း (၁၂,၆၀၀) ကျော်ပါဝင်ကြောင်း၊ အစားအစာနှင့် အဖျော်ယမကာများ၊ အသင့်စား အေးခဲအစားအစာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ ကိုယ်ခန္တာ သန့်ရှင်းရေး သုံးပစ္စည်းများ၊ အဝတ်လျှော်ရာတွင်သုံးသောပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များ၊ အလှကုန်ပစ္စည်းများ၊ ရုံးသုံးပစ္စည်းကရိယာများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြား အဝတ်အထည်နှင့် မီးဖိုချောင်သုံး ပစ္စည်းများပါဝင်ကြောင်းပြော ကြားခဲ့ပါသည်။

မစ္စတာဂျူရင်က ယခုလှုပ်ရှားမှုတွင် အမျိုးအစား(၆)မျိုးကို လျှော့ဈေးပြုလုပ်ပေးထား ကြောင်း၊ ဒီဂျစ်တယ်ပလက်ဖေါင်းများမှနေ၍ ရောင်းချသောကုန်ပစ္စည်းများ၊ ပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းများ Delivery Services မှနေ၍ရောင်းချသောကုန်ပစ္စည်များ၊ Fast Food အမျိုး အစား အစားအစာများ၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများမှ ရောင်းချသောကုန်ပစ္စည်းများ၊ အီလက်ထရောနစ် ပညာသင်ကြားရေးမီဒီယာများ (သို့မဟုတ်) လျှပ်စစ်သင်ကြားရေးကရိယာ များ၊ ကုန်တိုက်များ၊ စူပါမားကက်များ၊ Convenience stores များမှရောင်းချသောကုန်ပစ္စည်းများ ပါဝင်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မစ္စတာဂျူရင်က ယခုအစီအစဉ်သည် အွန်လိုင်းကုန်ပစ္စည်းများနှင့်ဝန် ဆောင်မှုများကိုဝယ်ယူသူများအတွက် လူနေမှုကုန်ကျစရိတ်ကို သက်သာစေရေး အကူအညီပေး ရန်ဖြစ်ကြောင်းနှင့် ဝယ်ယူမှုတန်ဖိုးအားအနည်းဆုံးဘတ်ငွေသန်း (၂၀၀) အထိ ရှိစေပြီး စားသုံးသူ များ၏ဝယ်ယူသုံးစွဲမှုကို ဘတ်ငွေသန်း (၅၀၀) ကျော်အထိမျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါဖြစ်ပွား နေစဉ် ကာလ အတွင်းလူ အများ၏ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများကို လျှော့ချပေးနိုင်ရန် အတွက်ပြီး ခဲ့သည့်နှစ်မှစတင်၍ လျှော့ဈေးဖြင့် ရောင်းချပေးမှုပေါင်း (၁၂) ခုကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်းသိရှိရပါသည်။ ယခုနောက်ဆုံးအစီအစဉ်တွင်ပါဝင်လာကြသော ဒီဂျစ်တယ်ပလက် ဖေါင်း များနှင့် ဖြန့်ဝေရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးသူများတွင် Lazada၊ Shopee၊ Phlala၊ Jatujak Mall၊  Kerry၊  Grab၊  Lalamove၊ DHL တို့ပါဝင်ကြပြီး အင်တာနက် ဝန်ဆောင်မှုပေး သူများတွင် True Corporation၊ Advanced Info Service(AIS)၊ Total Accesss Communica -tions  (dtac)၊  National Telecom(NT) တို့ပါဝင်ကြ ကြောင်းသိရှိရပါသည်။

ကုန်တိုက်ပေါင်း (၁၆) ခု၊ စူပါမားကက်များနှင့်Convenience Stores များလည်းယခု လှုပ်ရှားမှုတွင်ပါဝင်ကြကြောင်း၊ ၎င်းတို့တွင် Makro၊ The Mall ၊ Central ၊  Big C၊ Tops ၊ CP Fresh Mart ၊ Lotus ၊ Foodland ၊ MaxValu ၊  B2S ၊  Supersports ၊ Office Mate ၊  Power Buy၊ 7-Eleven ၊  Boots and Watson တို့ဖြစ်ကြကြောင်းသိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading