ပြည်ပသတင်းများ

မြန်မာနိုင်ငံ၏လက်ရှိ နိုင်ငံရေးမငြိမ်သက်မှုအခြေအနေများ ပိုမိုဆိုးရွားလာပါက တောင်ကိုရီးယား အစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းကို တားမြစ်ရန်စဉ်းစား သွားမည်

မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေများ ပိုမိုဆိုးရွားလာပါက မြန်မာနိုင်ငံ သို့ ခရီးသွားလာခြင်းကို တားမြစ်၍ မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအား မိခင်နိုင်ငံ သို့ ပြန်လည်ခေါ်ယူရန် ယာယီလေကြောင်းလိုင်းများ တိုးမြှင့်စီစဉ်ရေးကို တောင်ကိုရီးယားအစိုးရ အနေဖြင့် စဉ်းစားသုံးသပ်လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဉီးက (၅-၄-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း (၆-၄-၂၀၂၁) ရက်နေ့ ထုတ် The Korea Times သတင်းစာတွင် ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက တောင်ကိုရီးယားအစိုးရသည် မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တစ်ပတ်လျှင် နှစ်ကြိမ်ယာယီအထူးလေကြောင်းအစီအစဉ်များကို စီစဉ် ပြေးဆွဲပေးခဲ့ပြီး၊ ယခုအချိန်ထိ မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသား (၃၅၀၀) အနက်စုစုပေါင်း (၄၁၁) ဉီးတို့သည် အဆိုပါအထူးလေယာဉ်များဖြင့် မိခင်နိုင်ငံသို့ ပြန်လာခဲ့ပြီးဖြစ်ကြောင်း၊ ယခုဧပြီလ ဒုတိယပတ်အတွင်းတွင် နောက်ထပ် (၂၇၄) ဦး ထပ်မံပြန်လာရန်ရှိကြောင်း၊ မြန်မာ နိုင်ငံစစ်အစိုးရ၏ ဆန္ဒပြသူမျာအားအကြမ်းဖက်ဖြိုခွဲမှုသည် မြန်မာနိုင်ငံတွင် အနည်းဆုံးလူ (၅၅၇) ဦးသေဆုံးခဲ့ပြီး၊ တောင်ကိုရီးယားအသိုက်အဝန်းတွင် ထိခိုက်ပျက်စီးမှုများ ယခုအချိန်အထိ မရှိသေးသော်လည်း တောင်ကိုရီးယားအခြေစိုက် Shinhan ဘဏ်၏ ရန်ကုန်ရုံးခွဲမှ ဒေသခံမြန်မာ ဝန်ထမ်းတစ်ဦးအား ပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုသည် တောင်ကိုရီးယားအသိုက်အဝန်းအား လုံခြုံရေးအသိနှင့် သတိကို ပိုမိုလှုံ့ဆော်စေခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သို့ဖြစ်၍ တောင်ကိုရီးယားပြည်သူများ၏ လုံခြုံမှုကာကွယ်ရေးကို သေချာစေရန်အတွက် တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့်တားမြစ်ခြင်းနှင့်အထူးလေယာဉ် များ တိုးမြှင့်ခြင်းတို့အား လိုအပ်ပါကအလျင်အမြန်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း မြန်မာလေ ကြောင်းလိုင်း၊ လေကြောင်းအာဏာပိုင်များနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ တောင်ကိုရီးယားအထူးလေယာဉ်ကို တစ်ပတ်လျှင် (၃) ကြိမ် ပြေးဆွဲပေး နေကြောင်း၊ လိုအပ်ပါကတစ်ပတ်လျှင် လေးကြိမ်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် တောင်ကိုရီးယားကုမ္ပဏီပေါင်း (၂၆၀) ကျော် လည်ပတ်နေပြီး အများစုမှာ အထည်ချုပ် စက်ရုံ (CMP) လုပ်ငန်းများကို လုပ်ကိုင်ကြသောကြောင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် အခက်တွေ့နေကြကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချမှတ်ခြင်းသည် စဉ်းစားရမည့် အစီအမံတစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် လက်ရှိတွင် စဉ်းစားချင့်ချိန်လျက်ရှိကြောင်း၊ မဆုံးဖြတ်ရသေးသော်လည်း လိုအပ်သည်များကို အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လက်ရှိ တွင် မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံ စိတ်ချရသည့်နေရာများတွင် ခိုလှုံနေထိုင်ကြရန် ညွှန်ကြားထားကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွား လာရေးတားမြစ်ချက် မထုတ်ပြန်မီတွင် မိမိနိုင်ငံသားများအားလုံးအား မြန်မာနိုင်ငံမှ စွန့်ခွာရေးကို ဉီးစွာညွှန်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလပထမပတ်အတွင်း ဆောင်ရွက်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု တွင် နိုင်ငံခြားရေးဝန်ကြီး Chung Eui-young က မြန်မာနိုင်ငံရောက် ကိုရီးယားနိုင်ငံသားများ နိုင်ငံမှ စွန့်ခွာကြရန် ဆုံးဖြတ်ချက်ချပြီးပါက ကယ်ဆယ်ရေးစစ်တပ်လေယာဉ်များ (သို့မဟုတ်) အထူးလေယာဉ်များကို စေလွှတ်၍ မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအား (၂၄) နာရီ အတွင်း မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူသွားမည်ဟုပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ခရီးသွားလာခြင်း သတိပေးမှု (Travel Alert) ကို အဆင့်လေးဆင့်တွင် ဒုတိယအမြင့်ဆုံးဖြစ်သော အဆိုပါနိုင်ငံကို အမြန်ဆုံးစွန့်ခွာသင့်သော အခြေအနေဖြစ်သည့် “အနီရောင်” အဆင့်အဖြစ် သတ်မှတ်ထားကြောင်း(၃-၄-၂၀၂၁)ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြား ခဲ့သည်ဟူ၍ ရေးသားဖော်ပြထားပါသည်။

 

Source:   The Korea Time (6-4-2021)

တင်ပြသူ : ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Loading