ပြည်ပသတင်းများ

ပေကျင်းရှိ နိုင်ငံခြားသားများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံရန် လျှောက်ထားနိုင်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်ရှိ အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံခြားသားများအနေ ဖြင့် ၎င်းတို့၏ ကုမ္ပဏီများ၊ ကျောင်းများ (သို့မဟုတ်) ရပ်ကွက်များမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရန်အတွက် လျှောက်ထားနိုင်ကြောင်း ပေကျင်းမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေး ဌာန၏ တရားဝင် Wechat အကောင့်မှ မတ်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါသည်။

ကာကွယ်ဆေးအား (၂) ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ပေကျင်းအစိုးရ၏ ဆေးဝါးအာမခံ အစီအစဉ်တွင် ပါဝင်ထားပါက အခမဲ့ထိုးနှံရမည်ဖြစ်ကာ၊ ပါဝင်ထားခြင်းမရှိပါက တစ်ကြိမ်ထိုးနှံ လျှင် ယွမ်ငွေ (၉၃.၅၀) ယွမ် ပေးသွင်းရမည်ဖြစ်ပါသည်။ ထိုးနှံလိုသော ပုဂ္ဂိုလ်များက ၎င်းတို့၏ သက်သေခံအထောက်အထားများကို တင်ပြရမည်ဖြစ်ကာ ထိုးနှံရမည့်နေ့ရက်အား စောင့်ဆိုင်းရ မည်ဖြစ်ပါသည်။ ထိုးနှံရမည့်နေ့ရက်၌ ၎င်းတို့၏နိုင်ငံကူးလက်မှတ်နှင့် တရုတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားတို့အား မိမိနှင့်တပါတည်း ယူဆောင်သွားရမည်ဖြစ်ပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ မိမိ၏ ကျန်းမာရေးအခြေအနေအား ဆရာဝန်ထံ တင်ပြ ရမည်ဖြစ်ကာ ဆေးထိုးနှံရန် သင့်လျော်ခြင်းရှိ၊ မရှိ စစ်ဆေးရမည်ဖြစ်ကာ သင့်လျော်ပါက သဘော တူညီချက်ပုံစံ၌ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးနောက်  ထိုးနှံသည့် နေရာ၌ မိနစ် (၃၀) စောင့်ဆိုင်းရန် လိုအပ်ပါမည်။ ကာကွယ်ဆေးထိုးနှံပြီးပါက Health Kit online platform မှ ဆေးထိုးနှံပြီးကြောင်း လက်မှတ်အား download ရယူနိုင်မည်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး၊ ရောဂါပိုးကူးစက် နိုင်ခြေအား ကောင်းစွာလျှော့ချပေးနိုင်သော်လည်း ရာနှုန်းပြည့်ကာကွယ်နိုင်မည်ဟု ကျိန်းသေ ပြောနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဆေးထိုးနှံပြီးပါကလည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေး ကြောခြင်းနှင့် လူအများနှင့် ဝေးဝေးနေခြင်းတို့အား ဆက်လက်လိုက်နာဆောင်ရွက်သင့်ပါသည်။

ရင်းမြစ်၊ Chinadaily (၂၆-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading