ပြည်ပသတင်းများ

Pfizer ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဥရောပ ကော်မရှင်က အတည်ပြုခဲ့ခြင်း

အီးယူအနေဖြင့် မျှော်မှန်းထားသည်ထက်စော၍ Pfizer – BioNTech ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အတည်ပြုနိုင်ခဲ့ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌဖြစ်သူ Ursula von der Leyen က ၂၁-၁၂-၂၀၂၀ နေ့တွင် ကြေညာခဲ့သည်။ ကတိပြုထားသည့်အတိုင်း အဆိုပါ ကာကွယ်ဆေးအား အီးယူအဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် တူညီစွာရရှိနိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ပုံမှန်အားဖြင့် ဥရောပကော်မရှင်သည်  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မတိုင်မီ အထိ ၎င်းဆေးဝါးကို အတည်ပြုသွားရန် မရှိသေးသော်လည်း ဥရောပဆေးဝါးအေဂျင်စီ (European Medicines Agency) ထံမှ သဘောထားကို ရရှိပြီးနောက် ဥရောပကော်မရှင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပုံမှန်ထက်စော၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအသုတ်အနေဖြင့် ကာကွယ်ဆေးများကို ဘယ်လ်ဂျီယံနိုင်ငံရှိ Pfizer ၏ ထုတ်လုပ်သည့်နေရာမှ ရက်ပိုင်းအတွင်း  သင်္ဘောတင်သွားမည်ဖြစ်ပြီး၊ အီးယူနိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို ဒီဇင်ဘာလ ၂၇ ၊ ၂၈ နှင့် ၂၉ ရက်နေ့များတွင် တူညီစွာ စတင်နိုင်မည်ဖြစ်ကြောင်း Ursula von der Leyen ကထပ်လောင်းပြောကြားသည်။ ဥရောပဆေးဝါးအေဂျင်စီအနေဖြင့် Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးအပေါ် ယင်း၏သဘောထားမှတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟုလည်း သိရှိရသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading