ပြည်ပသတင်းများ

နိုဝင်ဘာလ (၁) ရက်နေ့တွင် တရုတ်နိုင်ငံတစ်ဝှမ်း သတ္တမ အကြိမ်မြောက် လူဦးရေသန်းကောင်စာရင်း ကောက်ယူမည် ဖြစ်

တရုတ်နိုင်ငံ၏ သတ္တမအကြိမ် လူဦးရေသန်းကောင်စာရင်း ကောက်ယူမှုအား နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်မည်ဖြစ်ပြီး မှတ်ပုံတင်လုပ်ငန်းအတွက် အိမ်များသို့ ဝန်ထမ်း (၇) သန်း ခန့် စေလွှတ်မည်ဖြစ်ကြောင်း သိရပါသည်။

ပုဂ္ဂိုလ်ရေးရာနှင့် မိသားစုအချက်အလက်များကို ကြေငြာရန် ဆဲလ်ဖုန်းများကဲ့သို့သော မိုဘိုင်းလ်အထောက်အကူများကို အသုံးပြုရန် နေထိုင်သူများအား အားပေးသွားမည်ဖြစ်ပါသည်။

ယခုသန်းကောင်စာရင်းက တရုတ်နိုင်ငံသားများ၏ အမည်၊ သက်သေခံနံပါတ် (ID number)၊ ကျား/မ၊ အိမ်ထောင်ရေးအခြေအနေ၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် အခြားအချက်အလက်များကို ကောက်ယူသွားမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် နိုင်ငံအဝှမ်းလူဉီးရေသန်းကောင်စာရင်းကောက်ယူမှုအား (၁၀)နှစ်လျှင် တစ်ကြိမ်ပြုလုပ်ပြီး၊  နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့စဉ်က ၎င်း၏ လူဉီးရေ (၁.၃၇)ဘီလီယံ အထိ တိုးပွားလာကြောင်းတွေ့ရှိခဲ့ကာ ကမ္ဘာ့လူဉီးရေအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။

ရင်းမြစ်၊ Xinhua (၂၀-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading