ပြည်ပသတင်းများ

အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များတွင် COVID-19 ပိုး စစ်ဆေးနေသည့် တရုတ်နိုင်ငံ

COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက နောက်ဆုံး ဆောင်ရွက်ချက်အနေဖြင့် ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော အစားအစာအားလုံးတို့ အား novel coronavirus nucleic acid test များ စစ်ဆေးလျက်ရှိပါသည်။ ၎င်းကုန်စည်များအပြင် ကူးစက်မှုအန္တရာယ်မြင့်မားသော နိုင်ငံများနှင့် ဒေသများထံမှ ရောက်ရှိလာသည့် အခြားကုန်ပစ္စည်းများကိုလည်း စစ်ဆေးသွားမည်ဖြစ်သည် ဟုသိရပါသည်။မည်သည့်ပို့ဆောင်ရေး နည်းလမ်းဖြင့်မဆို ရောက်ရှိလာသော အအေးခန်းစနစ်ဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ ၎င်းပစ္စည်းများကို ထားရှိသည့်နေရာများနှင့် သိုလှောင်ရုံများ ကိုဆို ရောဂါပိုးမွှားများ ကင်းစင်ရေး ပိုးသတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

ရင်းမြစ်၊ english.customs.gov.cn (၃-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading