သမဝါယမဌာနခွဲ

  • သမဝါယမကဏ္ဍနှင့် သက်ဆိုင်သော လစဉ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ (၃) လပတ် အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ (၆) လပတ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် နှစ်ချုပ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စုစည်းတင်ပြဆောင်ရွက်လျက်ရှိပါသည်။
  • ယင်းသို့ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန၏ သမဝါယမအသင်းများအား သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများဖြင့် ဖွဲ့စည်းခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်းနှင့် သမဝါယမ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ သမဝါယမအသင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးမှု အခြေအနေများကို စုစည်း သုံးသပ်ဆောင်ရွက်လျက်ရှိပါသည်။
  • အလားတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ နှင့် နည်းဥပဒေများအရ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ယွန်းနှင့် ရက်ကန်းလုပ်ငန်း များနှင့် ပန်း (၁၀) မျိုးအပါအဝင် ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးမှု အခြေအနေများကို သုံးသပ် ဆောင်ရွက်လျက် ရှိပါသည်။
  • ထို့အပြင် ဈေးကွက်သတင်းဌာနစုအနေဖြင့် နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ လက်ရှိဆောင် ရွက်မှုများ၊ ကုန်စည်အမျိုးအစားနှင့် သတင်းအရင်းအမြစ်များအား ဆက်လက်ဖော်ပြသွားပါ မည်-
  • လယ်ယာထွက်ကုန်ဈေးနှုန်း သတင်းအချက်အလက် ဖြန့်ဝေခြင်းစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)တို့ ပူးပေါင်း၍ ၁၉၉၉ ခုနှစ်၊ မေလတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
  • အဆိုပါစီမံကိန်းအပြီး ၂၀၀၁ ခုနှစ် မတ်လနောက်ပိုင်းမှစ၍ ဝန်ကြီးဌာန၏ဘဏ္ဍာငွေဖြင့် စီမံကိန်းဦးစီးဌာနအောက်တွင် ဈေးကွက်သတင်းဌာနစိတ် (Market Information Service –MIS) အမည်ဖြင့် လယ်ယာထွက်ကုန်ဈေးနှုန်းသတင်း အချက်အလက် ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
  • ဈေးကွက်သတင်းဌာနစိတ်၏ ရည်ရွယ်ချက်မှာ –
    • ပွင့်လင်းမြင်သာမှုရှိသော လယ်ယာထွက်ကုန်ဈေးကွက် တိုးတက်ဖြစ်ပေါ်လာစေရန်။
    • ဈေးကွက်သတင်းအချက်အလက်ကိုအခြေခံ၍ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သောသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး အ ထောက်အကူပြုနိုင်ရန်။
    • ဈေးနှုန်းနှင့်ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်အလားအလာကို ခန့်မှန်းတွက်ချက်ပြီး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုဆိုင်ရာ မူဝါဒများချမှတ်ရေးကို အထောက်အကူပြုနိုင်ရန်။
  • ဈေးကွက်သတင်းဌာနစိတ်၏ လက်ရှိဆောင်ရွက်မှုများမှာ
    • မြို့နယ် (၂၃) မြို့နယ်ရှိ ဈေးကွက် (၂၅) ခုမှ ဈေးကွက်သတင်းအချက်အလက်များ ကောက်ယူခြင်း၊
    • ဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ်ထုတ်ဝေသည့် လယ်ယာစီးပွားဂျာနယ်သို့ ဈေးကွက်သတင်းနှင့် အချက်အလက်များအား ပံ့ပိုးပေးခြင်း၊
    • ဈေးနှုန်းသတင်းလွှာအား အပတ်စဉ်၊ လစဉ်ပြုစုထုတ်ဝေခြင်း၊
    • လယ်ယာထွက်ကုန်ဈေးနှုန်းများ နှစ်ချုပ်စာအုပ်အား ပြုစုထုတ်ဝေခြင်းနှင့်
    • ပြည်တွင်းပြည်ပ လယ်ယာထွက်ကုန်ဈေးနှုန်းနှင့်သတင်းအချက်အလက်များအား ဖြန့်ဝေခြင်း၊
  • ကုန်စည်အမျိုးအစားနှင့် သတင်းအရင်းအမြစ်များ
  • ကုန်စည်အမျိုးအစားများ
    • နှံစားသီးနှံအုပ်စု
    • စားဖိုဆောင်သီးနှံအုပ်စု
    • စားသုံးဆီအုပ်စု
    • ပဲမျိုးစုံအုပ်စု
    • ဆီထွက်သီးနှံအုပ်စု
    • ဟင်းသီးဟင်းရွက်အုပ်စု၊
    • သစ်သီးဝလံအုပ်စု
    • သားငါးနှင့် ရေထွက်ကုန်ပစ္စည်းအုပ်စု
    • ဓာတ်မြေဩဇာ
    • ပြည်ပဈေးနှုန်းများ
  • သတင်းအရင်းအမြစ်များ
    • မူလအရင်းအမြစ်
    •  ရန်ကုန်စျေးကွက်
      • သီရိမင်္ဂလာစျေး
      • ဘုရင့်နောင်စျေး
      • ကြည့်မြင်တိုင်စျေး
    •  မန္တလေးစျေးကွက်
      • မန္တလေးကုန်စည်ဒိုင်
      • ကိုင်းတန်းစျေး
      • သီရိမာလာစျေး
    • နေပြည်တော်စျေးကွက်
      • ပျဉ်းမနားစျေးကွက်
      • တပ်ကုန်းစျေးကွက်
      • လယ်ဝေးစျေးကွက်
    • မြင်းခြံစျေးကွက်
    • ပခုက္ကူစျေးကွက်
    • ပုသိမ်စျေးကွက်
    • မော်လမြိုင်စျေးကွက်
    • ပြည်စျေးကွက်
    • မုံရွာစျေးကွက်
    • တောင်ကြီးစျေးကွက်
    • အောင်ပန်းစျေးကွက်
    • အင်းလေးစျေးကွက်
    • ဝက်ပုတ်စျေးကွက်
    • လားရှိုးစျေးကွက်
    • မူဆယ်စျေးကွက်
    • စစ်တွေစျေးကွက်
    • မြိတ် (ရေထွက်ကုန်ပစ္စည်း)
    • မြိတ် (လယ်ယာထွက်ကုန်ပစ္စည်း)
    • မြဝတီစျေးကွက်
  • ဒုတိယအရင်းအမြစ်

(၁)   ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ ပေးပို့သော ဈေးကွက်သတင်းများ

(၂)   UMFCCI၊ Agriculture Market Information Agency (AMIA) နှင့် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ဈေးကွက် သတင်းများ

(၃)   အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်း သတင်းဌာန များမှ ထုတ်ပြန်လျက်ရှိသော  ဈေးနှုန်း၊ သတင်းထုတ်ပြန်ချက်များ

ဈေးကွက်သတင်းဌာနစု
ပြည်တွင်းဈေးကွက်သတင်းများ ALL NEWS

ဇယား                                                                သတင်းခေါင်းစဉ်

………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………………………………………………………………………………………………………

  • သတင်းခေါင်းစဉ်
  • သတင်းခေါင်းစဉ်
  • သတင်းခေါင်းစဉ်
ပြည်ပဈေးကွက်သတင်းများ ALL NEWS
သတင်းဓာတ်ပုံ

သတင်းခေါင်းစဉ်

………………………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………………………………………………………………………………………………………

  • သတင်းခေါင်းစဉ်
  • သတင်းခေါင်းစဉ်
ဓာတ်ပုံကဏ္ဍ ALL PHOTOS

ပုံနှိပ်ထုတ်ဝေခြင်း ALL PUBLICATION
နှစ်ချုပ်စာအုပ်များ
  • ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၈
  • ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၇
  • ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၆
လစဉ်ထုတ်သတင်းလွှာ

ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ သတင်းလွှာ

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ                                                       အမှတ်စဉ် ၁၂/၂၀၁၉

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ                                                       အမှတ်စဉ် ၁၁/၂၀၁၉

ဆက်သွယ်ရန်

          ဈေးကွက်သတင်းဌာနစိတ်၊ စီမံကိန်းဦးစီးဌာန၊ ရုံးအမှတ် (၁၅)၊ နေပြည်တော်

ဖုန်းနံပါတ်/ ဖက်စ် – ၀၆၇-၃၄၁၀၁၀၇

အီးမေးလ်

                 Office.mis.npt@gamil.com

                 misdop.moali@gmail.com

Loading