ပြည်တွင်းသတင်းများ

၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကို နှစ်စဉ် အောက်တိုဘာ(၁၆)ရက်နေ့တွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO ဝင်နိုင်ငံများ ၌ ကျင်းပကြသကဲ့သို့ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရေး အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို သြဂုတ်လ(၂၂)ရက်နေ့ မွန်းလွဲ ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ အခမ်းအနားကျင်းပရေး ဗဟိုအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် နေပြည်တော်ကောင်စီ တို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရေး ဗဟိုအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားရာ ၌ နွေစပါးစိုက်ပျိုး ထုတ်လုပ်မှု နှင့် အဓိကပို့ကုန်တစ်ခု ဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုး ထုတ်လုပ်မှု သိသိ သာသာ တိုးတက် လာစေရန် နိုင်ငံတော်က ချေးငွေကျပ် ဘီလီယံ ၁၇၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီ ဖူလုံရေး အတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အပါအဝင် လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုတိုးမြှင့်ရေးကို အလေးထား ပြီး  ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး သာမက စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေသည့် ဒေသများနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများတိုးမြှင့်လုပ်ကိုင်နိုင်ရေးလုပ်ငန်းများကို ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကများ၊ တောင်သူများ အားလုံးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၄၂)ကြိမ်မြောက်ကျင်းပ ပြုလုပ်မည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကို “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝ အာဟာရ၊ ဝန်းကျင် လှပ တို့ဘဝ၊ လူတိုင်းစေ့ငှ ရရှိကြ” ဟူသော ဆောင်ပုဒ်နှင့်အညီ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပေါ်လွင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက ပူးပေါင်း ကြိုးပမ်း ပေးကြပါရန် တိုက်တွန်း ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့အခမ်းအနား ကျင်းပရေး ဗဟိုအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် တင်ပြကြရာ အစည်းအဝေး တက်ရောက် လာကြသူများက လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Loading