ပြည်တွင်းသတင်းများ

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CIRDAP) မှ ကျင်းပပြုလုပ်သည့် ၃၃ ကြိမ်မြောက် အမှုဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်သည့်သတင်း

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific – CIRDAP) ၏ ၃၃ ကြိမ်မြောက် အမှုဆောင်ကော်မတီ (33rd Executive Committee (EC) Meeting) ကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် ၁၉-၄-၂၀၂၂ ရက်နေ့၊ နံနက် (၈:၃၀) နာရီမှ ညနေ (၄:၃၀) နာရီ အတွင်း Virtual Meeting ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ 33rd EC Virtual Meeting သို့ မြန်မာနိုင်ငံဆိုင်ရာ CIRDAP ၏ EC Member ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးကျော်ဆွေလင်း ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးနှင့် တာဝန် ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Chairperson အဖြစ် အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် Vice- Chairperson အဖြစ် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  International Cooperation Department ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ဆောင်ရွက် ခဲ့ပြီး အစည်းအဝေးတွင် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း CIRDAP မှ ဆောင်ရွက်နိုင်ခဲ့သည် အဓိက လုပ်ငန်းများ၊ အောင်မြင်ခဲ့မှုများနှင့် အခက်အခဲများအား အစီရင်ခံ ဖတ်ကြားအတည်ပြုခြင်း၊ ၂၂ ကြိမ်မြောက် Governing Council (GC) နှင့် ၃၂ ကြိမ်မြောက် EC အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအစီရင်ခံစာ၊ ၃၅ ကြိမ်မြောက်နှင့် ၃၆ ကြိမ်မြောက် Technical Committee အစည်းအဝေး အစီရင်ခံစာများအား ဖတ်ကြား ဆွေးနွေး အတည်ပြုခြင်း၊ CIRDAP Integrated Rural Development (IRD) Expert ခန့်အပ်ရေးအတွက် ဆွေးနွေးခြင်း၊ CIRDAP Reserve Fund နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Aziz-UI Haq Rural Development Medal for 2022 အတွက် အဆိုပြုစာရင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ CIRDAP ၏ Strategic Plan 2022-2024 မူကြမ်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အဆိုပြုလုပ်ငန်း အစီအစဉ်နှင့် Budget Plan တို့အား ဆွေးနွေးအတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၈ ခုနှစ်သက်တမ်း အတွက် CIRDAP    ညွှန်ကြားရေးမှူးချုပ်အသစ် ပြန်လည်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရေး ဆွေးနွေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအဖွဲ့အစည်းသည် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များအား အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဖီဂျီနှင့် ပါကစ္စတန်နိုင်ငံ) တို့ပါဝင်ပြီး  မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၁၉၉၅ ခုနှစ်မှ စတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ CIRDAP အဖွဲ့ ရုံးချုပ်တည်ရှိရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။

အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅) နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံမှအပ ကျန်(၁၄) နိုင်ငံမှ EC  အဖွဲ့ဝင်များနှင့် လေ့လာသူအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၄၅) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Loading