ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (ဆီထွက်သီးနှံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ဆီထွက်သီးနှံဈေးနှုန်းအနေဖြင့် မြေပဲ(လုံးဆန်/ဆီဆန်)တို့မှာ ပြည်ပတင်ပို့မှုမရှိဘဲ ပြည်တွင်းသုံး သာရှိခြင်း၊ မြို့တွင်းလုပ်ငန်းသမား ဆီစက်သမား  ဝယ်ယူမှုသာရှိခြင်းကြောင့် လက်ကျန်များခြင်း ၊ မိုးမြေပဲ စိုက်ချိန်ဖြစ်ခြင်းကြောင့် မြေပဲ(လုံးဆန်) ယခင်အပတ် ၁၀၀ပိဿာ ၂၆၇၅၀၀ ကျပ် မှ ယခုအပတ် ၂၅၇၅၀၀ ကျပ်သို့လည်းကောင်း၊ မြေပဲ (ဆီဆန်) ၁၀၀ ပိဿာ ၂၃၇၅၀၀ ကျပ် မှ ၂၃၅၀၀၀ ကျပ် သို့  ဈေးနိမ့်သွား ပါသည်။

ပန်းနှမ်း  နှင့်  နေကြာမှာလည်း  အရောင်းအဝယ်ဖြစ်မှု နည်းခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ လျှင် ၈၂၅၀၀ ကျပ်  မှ  ၇၉၀၀၀ ကျပ်သို့ လည်းကောင်း၊  နေကြာ  ၂၇ ပိဿာလျှင်  ၄၇၅၀၀ ကျပ် မှ ၄၆၀၀၀ ကျပ်သို့  အသီးသီး ဈေးနိမ့်သွားပါသည်။

Loading