ပြည်ပသတင်းများ

COVID-19 ကပ်ရောဂါဖြစ်ပွားမှုများကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရွှေလီတွင် အဝင်အထွက် ကန့်သတ်မှု များပြုလုပ်ထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်၏ မြို့ဖြစ်သည့် ရွှေလီတွင် တနင်္ဂနွေနေ့က COVID-19 ကပ်ရောဂါဖြစ်ပွားသူအသစ် (၃) ဉီး တွေ့ရှိခဲ့ရာ အဝင်အထွက် ကန့်သတ်မှုများကို ဇူလိုင်လ (၅)ရက်နေ့မှ စတင်ပြုလုပ်ထားကြောင်း သိရပါသည်။

၎င်းမြို့တွင် နေထိုင်သူများအား မလိုအပ်ဘဲ ခရီးသွားလာခြင်းနှင့် မြို့တော်သို့ ဝင်ထွက်ခြင်းများ မပြုကြရန်  အာဏာပိုင်များက တိုက်တွန်းထားပါသည်။

၎င်းမြို့တော်တွင် နေထိုင်သူများအား အစိုးရစရိတ်ဖြင့် nucleic acid စစ်ဆေးမှု များ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ရွှေလီတွင် မတ်လ (၃၀)ရက်နေ့မှ စ၍ ပြည်တွင်း COVID-19 ရောဂါကူးစက်မှု ဆယ်ဂဏန်းမျှ ရှိလာသဖြင့် ဧပြီလကတည်းက ကပ်ရောဂါထိန်းချုပ်ရေး စီမံဆောင်ရွက်မှုများနှင့် ကပ်ရောဂါစစ်ဆေးမှုအချို့ကို ပြုလုပ်လာခဲ့ ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Xinhua (၅-၇-၂၀၂၁)

Loading