ပြည်ပသတင်းများ

ဩစတြေးလျအစိုးရက ဗီယက်နမ်နိုင်ငံနှင့် စီးပွားရေးအခွင့် အလမ်းများ မြှင့်တင်

ဩစတြေးလျအစိုးရသည် နိုင်ငံအတွင်း အလုပ်အကိုင်များ ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရသည် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အသေးစားစီမံကိန်း(၂၈)ခုအတွက်ရန်ပုံငွေထောက်ပံ့နိုင်ရန် အေဒေါ်လာ ၂.၅ သန်းကို ထောက်ပံ့ ပေးလျက်ရှိရာတွင် အေဒေါ်လာ ၉၉,၄၇၅ ကို အော်ဂင်းနစ်အစားအစာထုတ်လုပ်ခြင်း နည်း ပညာ၊ အသိအမှတ်ပြုထောက်ခံခြင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတို့အတွက် လည်းကောင်း၊ အေဒေါ်လာ ၅၆,၁၆၀ ကို ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးလုပ်ငန်းရှင်များအတွက် နိုင်ငံတကာ ပညာရေးနှင့် စီးပွားရေးစွမ်းဆောင်ရှင်များအဖြစ် စွမ်းရည်တည်ဆောက်နိုင်မည့် အတွေ့အကြုံ များရရှိရေးအတွက်လည်းကောင်း၊ အေဒေါ်လာ ၉၅,၀၀၀ ကို ဩစတြေးလျ စီးပွားရေးလုပ်ငန်း (၃၀၀)  ကြီးထွားလာရေး၊ ပို့ကုန်များကို ဈေးကွက်များ ပြောင်းလဲတင်ပို့နိုင်ရေး နှင့်ဗီယက်နမ် နိုင်ငံ၏ ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ချိမှုလုပ်ငန်းစဉ်တွင် ဝင်ရောက်နိုင်ရေးတို့အတွက် အသီးသီး ခွဲဝေထောက်ပံ့ထားကြောင်းကို ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လုပ်ငန်းဝန်ကြီး၏ (၁-၇-၂၀၂၁) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဝန်ကြီးက ပြောကြားရာတွင် ဩစတြေးလျ- ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအထောက်အပံ့ (Australia-Vietnam Enhanced Economic Engagement Grant -AVEG)ရှေ့းပြေးစီမံကိန်းသည်ဩစတြေးလျလုပ်ငန်းများအတွက် စိုက်ပျိုးရေးမှသည် ပညာရေး အထိ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ချိမှု လုပ်ငန်းစဉ်တွင် ဒစ်ဂျစ်တယ်နည်းပညာများအတွက် တံခါးဖွင့်ပေးနိုင်သည့် အစီအစဉ်တစ်ရပ် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။ ဩစတြေးလျနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ကုန် သွယ်ရေးဆက်ဆံမှု ပိုမိုကြီးထွားလာရေး၊ ကုန်သွယ်မှု ထိပ်တန်း  (၁၀) နိုင်ငံတွင် ပါဝင်လာ ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၂ ဆဖြစ်လာစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ ကုန်သွယ်မှု ဆက်ဆံရေးခိုင်မာမှုမှသည် နှစ်နိုင်ငံလုံးတွင် အလုပ်အကိုင်များရရှိရေးနှင့် စီးပွားရေးအခွင့် အလမ်းများ ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအထောက်အပံ့မှာ ဩစတြေးလျလုပ်ငန်း များ ဗီယက်နမ်နှင့်ထိတွေ့ဆောင်ရွက်နိုင်ရန် ကနဦးထောက်ပံ့မှု၏ အစိတ်အပိုင်းများဖြစ်ပါ ကြောင်းသိရှိရပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) မှစ၍ ဩစတြေးလျနှင့် ဗီယက်နမ်နိုင်ငံတို့ အကြား အပြန် အလှန်ကုန်သွယ်မှုမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၈.၆ % တိုးလျက် ရှိပြီး၊ ဩစ တြေးလျအစိုးရသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာရေး၊ ဩစတြေးလျ စီးပွားရေးလုပ် ငန်းများအတွက်အခွင့်အလမ်းသစ်များ ဖော်ထုတ်ရန် ကတိကဝတ် ပြုထားကြောင်း သိရှိရပါသည်။

Source: www.trademinister.gov.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

Loading