ပြည်ပသတင်းများ

ချီကာဂိုစတော့ဈေးကွက် ပေါက်ဈေးများ

ဇူလိုင်လ ၁ ရက်နေ့ (ကြာသပတေးနေ့)တွင် ချီကာဂိုသီးနှံ ကုန်စည်ဒိုင်(Chicago Commodity Exchange – CBOT)တွင် ပဲပုတ်စေ့ဈေးနှုန်းများ အမြင့်ဈေးနှုန်းဖြင့် ဈေးပိတ်ခဲ့ကြောင်း သတင်း တွင်ဖော်ပြ ထားသည်။ ဇွန်လ ၃၀ ရက်နေ့တွင် အမေရိကန်စိုက်ပျိုးရေးဌာန (United States Department of Agriculture – USDA)က သီးနှံဆိုင်ရာအချက်အလက်များ ထုတ်ပြန်ခဲ့ပြီး နောက် တွင်ဈေးကွက်၌ သီးနှံဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိနေသည်။ ချီကာဂိုစတော့ဈေးကွက်၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပစ္စည်းတင်ပို့ ပေးရမည့် ပဲပုတ်စေ့ ကြိုပွိုင့်ဈေးနှုန်းသည် လက်ရှိဈေးနှုန်း ထက် ၀.၂၅ ဆင့်ပိုမိုမြင့်တက်ခဲ့ပြီး ပဲပုတ်စေ့ ၁ စည် (၆၀ပေါင်) လျှင် အမေရိကန်ဒေါ်လာ ၁၄.၂၉ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် နိုဝင်ဘာလတွင်ပစ္စည်း တင်ပို့ပေးရမည့် ပဲပုတ် စေ့ကြိုပွိုင့်ဈေးနှုန်းသည် ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၃.၉၅ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ သဖြင့် ပုံမှန်ဈေးနှုန်းအောက်သို့ ၃.၅ ဆင့် ကျဆင်းခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

စတော့ဈေးကွက်တွင် ဩဂုတ်လတွင်ပစ္စည်းတင်ပို့ပေးရမည့် ပဲပုတ်စေ့အခွံ ၁ တန်လျှင် အမေရိ ကန်ဒေါ်လာ ၃၈၃.၄၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ပုံမှန်ဈေးနှုန်းထက် ၅.၉၀ ဒေါ်လာ ပိုမိုမြင့် တက်ခဲ့ပြီး၊ ဩဂုတ်လအတွက် ပဲပုတ်ဆီ ၁ ပေါင် ကြိုပွိုင့်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၆၂.၆၅ ဆင့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိဈေးအောက် ၀.၇၇ ဆင့် ဈေးနှုန်းကျ ဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading