ပြည်ပသတင်းများ

၂၀၂၁ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့ပြောင်းဈေးကွက် ရုတ်တရက် မြင့်တက်ခဲ့ခြင်း

အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (food and Agriculture – FAO ) က The Global Maize Market snapshot in June 2021 ခေါင်းစဉ်ဖြင့် ၂၈-၆-၂၀၂၁ ရက်တွင် ထုတ်ပြန်သည့်စာစောင်တွင်ပါရှိသည့် အကျဉ်းချုပ် အချက်များမှာ-

  • ၂၀၂၁ခုနှစ်၊ ဇွန်လ၏ အပြည်ပြည်ဆိုင်ရာဈေးနှုန်းများတွင် ပြောင်းဈေးနှုန်းသည် လွန်ခဲ့သည့် နှစ်၏ ဇွန်လနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊
  • ဈေးနှုန်းအတက်အကျရှိဆဲဖြစ်သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ မေလအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း တွင် အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊
  • မေလအတွင်း ဈေးနှုန်းရုတ်တရက်မြင့်တက်ခဲ့ခြင်းမှာ တင်ပို့ကုန်ရရှိမှုအကျပ်အတည်း၊ တရုတ် နိုင်ငံမှမျှော်မှန်းမထားသည့် ဝယ်လိုအား ရုတ်တရက်မြင့်တက်မှုနှင့် အဓိကဝယ်ယူသည့်နိုင်ငံ အများအပြားတွင် ကိုဗစ်အလွန် စီးပွားရေးပြန်လည်နာလန်ထူမှုကြောင့် ကမ္ဘာအနှံ့ဝယ်လိုအား ခိုင်မာလာမည့် မျှော်လင့်ချက်များကြောင့်ဖြစ်ကြောင်း၊
  • အဓိကပြောင်းတင်ပို့သည့်နိုင်ငံများအနက် အမေရိကန်ပြည်နယ်ပြည်ထောင်စုတွင် တစ်နှစ်အတွင်း စံချိန်တင် တင်ပို့မှုများနှင့် ကြီးမားသည့် ပြည်တွင်းစားသုံးမှုကြောင့် ပြောင်းသိုလှောင်မှုပမာ ဏမှာ ၂၀၁၂/၁၃ နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ရာ ရောင်းလိုအား အကျပ်အတည်း ဖြစ်လျက်ရှိကြောင်း၊
  • အခြားအဓိကတင်ပို့သည့် နိုင်ငံများအနက် ဘရာဇီးလ်နိုင်ငံမှ ပြောင်းဈေးနှုန်းမှာ ယခင်နှစ် ထက် နှစ်ဆနီးပါးမြင့်တက်ခဲ့ကြောင်း၊ ဘရာဇီးလ်နှင့် အာဂျင်တီးနားနိုင်ငံတို့မှ တင်ပို့မှုများ သည်၄င်းတို့ နိုင်ငံများ၏ ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် အဓိကတင်သွားသည့်နိုင်ငံများ၏ ငွေကြေးတန်ဖိုး မြင့်တက်မှုများက အထောက်အကူဖြစ်စေခဲ့ကြောင်း၊
  • အဓိကတင်ပို့သည့်နိုင်ငံများတွင် ပြောင်းဝယ်ယူရရှိနိုင်မှု အခြေအနေနှင့် ကပ်ရောဂါကြောင့် ရောင်းလိုအားထိခိုက်မှုများနှင့် ပတ်သက်၍မရေရာမှုများရှိသော်လည်း ကမ္ဘာ့ပြောင်းရောင်း ဝယ်မှုသည် ဆက်လက်တိုးတက်လျက်ရှိကြောင်း၊
  • ဝယ်လိုအားအပိုင်းတွင် တရုတ်နိုင်ငံသည် ၂၀၂၁ / ၂၁မှတ်တမ်းများအရ အစဉ်အလာမရှိခဲ့သည့် တင်သွင်းမှုပမာဏဖြင့် ကမ္ဘာ့ပြောင်းစီးဝင်မှုမောင်းနှင်အားကို လွှမ်းမိုးလျက်ရှိဆဲဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာပြောင်းဝယ်ယူတင်သွင်းမှုတွင် တရုတ်နိုင်ငံသည် ယခင်နှစ် အလားတူ ကာလထက် လေးဆမြင့်တက်ခဲ့ကြောင်း၊ ယင်းမှာ ၂၀၂၀/၂၁ ခုနှစ် ကမ္ဘာ့ပြောင်းရောင်းဝယ်မှု တွင် တိုးတက်မှုအားလုံးနီးပါးဖြစ်ကြောင်း၊
  • သို့ရာတွင် ယူနိုက်တက်ကင်းဒမ်းအပါအဝင် အီးယူ (၂၇) နိုင်ငံက နှံစားသီးနှံအထွက်နှုန်း သိသိ သာသာတိုးတက်လာခြင်းက ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပြောင်းတင်သွင်းမှု မက်ထရစ်တန် ၈ တန် လျှော့ချနိုင်သဖြင့် အပြည်ပြည်ဆိုင်ရာ ဈေးနှုန်းမြင့်တက်မှုကို လျော့ကျစေနိုင်ကြောင်း၊
  • ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုဝင်ငွေများအပေါ် ကြီးမားစွာမှီခိုနေရသည့် စီးပွားရေး အင် အားကြီးနိုင်ငံများအနေဖြင့် Covid-19 ကြောင့် စီးပွားရေးနာလန်ထူရန်အတွက် ရုန်းကန် မှုများရှိရာ ဈေးနှုန်းမြင့်မားသည့် ပြောင်းတင်သွင်းမှုအတွက် ငွေကြေးထောက်ပံ့ရန် ခက်ခဲဖွယ် ရှိကြောင်း၊
  • ကမ္ဘာ့ပြောင်းဈေးကွက်၏ ရာခိုင်နှုန်းအများအပြားမှာ တိရိစ္ဆာန်အစားအစာနှင့် စက်မှုကုန်ကြမ်း အတွက် ဝယ်လိုအားများဖြစ်ခြင်းကြောင့် ချမ်းသာသောနိုင်ငံများထက် ဆင်းရဲသောနိုင်ငံများ တွင် ဝင်ငွေပြောင်းလဲမှုအလားအလာရှိကြောင်း၊ သို့ရာတွင် ပြောင်းကို စားသာက်ကုန်အဖြစ် သုံးစွဲပါက ဖြစ်နိုင်ခြေနည်းကြောင်း၊
  • သို့ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ ဈေးနှုန်းများလျှော့ချခြင်းက စီးပွားရေးအရ ထိလွယ်ရှလွယ်ရှိ သောနိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှ ဝယ်ယူမှုကို ပြန်လည်စတင်နိုင်မည့် အခွင့် အရေးတစ်ရပ်ဖြစ်စေနိုင်ကြောင်း၊
  • ကမ္ဘာတစ်ဝန်းစီးပွားရေးတိုးတက်မှုသည် ကပ်ရောဂါကြောင့် ထိခိုက်မှုများကို ပြန်လည်ချိန်ညှိ နေရဆဲဖြစ်ပြီး၊ ယင်းကိုက်ညှိမှုများသည် ကုန်ပစ္စည်း ဈေးကွက်များကို အတက်အကျဖြစ်စေ ကြောင်း၊ ယနေ့ ပြောင်းဈေးကွက်တွင် ၄င်းအချက်ကိုတွေ့မြင်ရပါသည်။

တင်မျိုးနွယ်၊ စီးပွားရေးသံမှူး

ရောမ

Loading