ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (ပဲမျိုးစုံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံ ဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန် ရန်ကုန်ဝယ်လက် အဓိကဖြစ်သော မတ်ပဲ ၊ ပဲစဉ်းငုံ (နီ/ဖြူ) တို့မှာ ရန်ကုန်ဝယ်လက်နည်းခြင်း ၊ မြို့တွင်းပဲခွဲစက်များ ဝယ်ယူမှု အနည်းငယ်သာရှိခြင်းကြောင့်  မတ်ပဲ  ၆၀ပိဿာလျှင် ယခင်အပတ် ၁၀၅၀၀၀ ကျပ် မှ ၁၀၄၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲစဉ်းငုံ(နီ)မှာ ၆၀ ပိဿာ  ၁၀၃၀၀၀ကျပ်  မှ ၁၀၂၀၀၀ ကျပ်၊ ပဲစဉ်းငုံ (ဖြူ)  ၆၀ ပိဿာ  ၉၂၅၀၀ ကျပ် မှ ၈၉၀၀၀ ကျပ်သို့ အသီးသီး ဈေးနိမ့်နေသည်။ ပဲတီစိမ်း(ခရမ်းနှင့်လမ်း) မှာ ပစ္စည်းနည်းသော်လည်း တရုတ်ဝယ်လက်နည်းခြင်း၊ ပဲတီ စိမ်း(အညာ)မှာလည်း  အသစ်ဝင်ရောက်မှုရှိခြင်း ၊ မြို့တွင်းပဲခွဲစက်များ  ဝယ်ယူမှုသာရှိခြင်းကြောင့်    ပဲတီ စိမ်း (ခရမ်း)မှာ ၁၁၅၀၀၀ ကျပ် မှ ၁၀၈၃၃၃ ကျပ်၊ ပဲတီစိမ်း (လမ်း) ၁၂၃၀၀၀ ကျပ် မှ ၁၁၈၅၀၀ ကျပ်သို့ လည်းကောင်း၊ ပဲတီစိမ်း (အညာ)  ၉၈၄၀၀ ကျပ်  မှ  ၆၇၃၃၃.၃ ကျပ်သို့ အသီးသီး ဈေးနိမ့်နေပါသည်။

ကုလားပဲ (ထိုင်ဝမ်/လုံးဖြူကြီး) တို့မှာ အဝင်နည်းခဲ့သဖြင့် လက်ကျန်နည်းခြင်း၊ ပြည်တွင်းသုံး ပဲခွဲစက်များ၊ မြို့တွင်း အကြော်၊ပဲ‌လှော်သမားများ  ဝယ်ယူမှုရှိခြင်းကြောင့် ယခုအပတ် အဝယ်လိုက်သဖြင့် ယခင်အပတ် ကုဖြူကြီး  ၅၇.၂၅ပိဿာ ၉၀၀၀၀ ကျပ် မှ ၉၂၀၀၀ ကျပ်သို့လည်းကောင်း၊ ကုလားပဲ (ထိုင်ဝမ်) ၈၃၀၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်သွားပါသည်။ ပဲပုတ် မြန်မာ / ရှမ်း )၊  စားတော်ပဲ၊  မြေတောက်ပဲ၊  ပဲယင်း၊ ပဲလွန်းပြာတို့မှာ ပစ္စည်းလက်ကျန်နည်းခြင်းကြောင့်  ဈေးမသိမသာမြင့်နေပြီး ပဲကြီး မှာအရောင်းအဝယ်ဖြစ်မှုနည်းခြင်း၊ ပဲခွဲစက်များအဝယ်နည်းခြင်းကြောင့် ဈေးမသိမသာနိမ့်သွားပါသည်။

ထောပတ်ပဲ ( ကြီး /သေး)တို့မှာ ယခုအပတ်ဝင်သော အသစ်များ အရည်အသွေးကောင်းခြင်း၊ မိုး နှင့် ဆောင်းစိုက်အကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်း၊ ပဲခွဲစက်နှင့်မြို့တွင်းသုံးလုပ်ငန်းသမား အဝယ်ရှိ ခြင်းကြောင့် ယခင်အပတ် ၅၆.၂၅ ပိဿာလျှင် ၇၂၅၀၀ ကျပ် မှ ၇၉၀၀၀ ကျပ် အထိ ဈေးမြင့်သွားပါသည်။

Loading