ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေး (၅) ရာခိုင်နှုန်းခန့်ဖြင့် တိုးတက်နိုင်ခြင်း

မကြာသေးမီကချမှတ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများအား ယာယီ သာဆောင်ရွက်ရခြင်းဖြစ်ပါက ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ခုနှစ်တွင် (၄.၉) ရာခိုင် နှုန်း တိုးတက်နိုင်သည်ဟု စီးပွားရေးနှင့်လူမှုရေးသုတေသနအဖွဲ့အစည်း (Institute for Economic and Social Research-IRES) ၏ခန့်မှန်းချက်အရသိရသည်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းရပ်များသည် အဟန့်အတားများစွာ ဖြစ်ပေါ်ခဲ့ရ သော်လည်း ဘယ်လ်ဂျီယံနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်စတင်ခဲ့ခြင်း၊ နိုင်ငံတကာ စီးပွားရေးတွင် တိုးတက်မှုလက္ခဏာများရှိလာခြင်းတို့က နိုင်ငံ၏စီးပွားရေးအပေါ် အပြုသဘော သက်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်၏ ပထမသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးသည် (၁) ရာခိုင်နှုန်း ဝန်းကျင်ဖြင့်တိုးတက်ခဲ့သည်ဟု IRES ကခန့်မှန်းသည်။ ဒုတိယသုံးလပတ်တွင်မူ ဗိုင်းရပ်စ် ထိန်းချုပ်ရေး တင်းကျပ်သည့်ကန့်သတ်ချက်များ ချမှတ်ခဲ့ရသဖြင့် စီးပွားရေးသိသိသာသာ နှေးကွေးမည်ဟု မျှော်လင့်ထားပါသည်။ အဆိုပါကန့်သတ်ချက်များအား ယာယီအနေဖြင့်သာ ဆောင်ရွက်ရပြီး၊ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေး ပြန်လည်နာလန်ထူမှုကို ဒုတိယနှစ်ဝက်ကာလတွင် မျှော်လင့်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး အတွက်ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးတိုးတက်မှု (၄.၉) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ခြင်း ဖြစ်ပါသည်။

မျှော်မှန်းထားသည့် စီးပွားရေးနာလန်ထူမှု ဖြစ်ပေါ်ခဲ့ပါက ၂၀၂၁ ခုနှစ် တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ အလုပ်အကိုင်ရရှိမှုအခြေအနေကိုလည်း တိုးတက်စေနိုင်မည်ဟု IRES ကဆိုသည်။ ၂၀၂၀ ပြည့်နှစ်၏ တတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း နှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ တစ်ကျော့ပြန်မြင့်တက်လာမှုကြောင့် ကန့်သတ်ချက်များဆောင်ရွက်ခဲ့ရသဖြင့် စီးပွားရေးနိုးထမှု ရပ်တန့်ခဲ့ခြင်းဖြစ်သည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading