ပြည်ပသတင်းများ

အာကာသအတွင်း မျိုးဖောက်ထားသည့် စပါးမျိုးစေ့များအား တရုတ်နိုင်ငံတောင်ပိုင်း၌ စတင်စိုက်ပျိုးလျက်ရှိ

ယခုအခါ  တရုတ်နိုင်ငံတောင်ပိုင်းရှိ South China Agricultural University (SCAU) ၏ National Engineering Research Center of Plant Space Breeding မှ ပိုင်ဆိုင်သော ဖန်လုံအိမ် များနှင့် စိုက်ပျိုးသည့်စပါးခင်းများ၌  လကမ္ဘာပေါ်မှ ပြန်လည်သယ်ဆောင်လာခဲ့သော စပါးမျိုးစေ့ (၁,၅၀၀) ကို စိုက်ပျိုးနေပြီဖြစ်ပါသည်။

၎င်းမျိုးစေ့များအား ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် သယ်ဆောင်သွားကာ ဒီဇင်ဘာ လ (၁၇) ရက်နေ့တွင် လကမ္ဘာပေါ်မှ ပြန်လည်သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုစိုက်ပျိုး သည့် မျိုးစေ့များမှာ ယခင်အာကာသအတွင်း မွေးမြူခဲ့သော မျိုးစေ့များမှ မျိုးဖောက်ထားသည့်  ဒုတိယမျိုးဆက်များ ဖြစ်ပါသည်။

သို့ရာတွင် ယခုအချိန် မျိုးဖောက်စမ်းသပ်မှုမှာ ယခင်အကြိမ်နှင့် ကွဲပြားခြားနားပါသည်။ ပထမအကြိမ် စမ်းသပ်စဉ်က နက်ရှိုင်းသည့် အာကာသပတ်ဝန်းကျင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပျံသန်းချိန် ပိုမိုကြာမြင့်ကာ Van Allen ရောင်ခြည်ရပ်ဝန်းတွင် ရောင်ခြည်ကျရောက်ခြင်းနှင့် ကြုံတွေ့ ခဲ့ပါသည်။

ယခုကဲ့သို့ အာကာသအတွင်း စမ်းသပ်မှုများမှာ မျိုးစေ့များအပေါ် ပိုမိုအားကောင်းသည့် မျိုးဗီဇသက်ရောက်မှုများနှင့် မျိုးပွားမှုများ ဖြစ်ပေါ်လာနိုင်မည်ဟု မျှော်လင့်ထားပါသည်။ နက်ရှိုင်း သော အာကာသနေရာတွင် ဖြစ်ပေါ်သော မျိုးဗီဇသက်ရောက်မှုများနှင့် ကမ္ဘာ့အနိမ့်ပိုင်းပတ်လမ်း ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်သော မျိုးဗီဇသက်ရောက်မှုများမှာ မည်သို့ကွာခြားနိုင်မည်ဟူသော အချက်အား ရှာဖွေတွေ့ရှိရန် ယခုသုတေသနများက ကူညီပေးနိုင်မည်ဖြစ်ပါသည်။

အာကာသတွင် မျိုးပွားခဲ့သည့် ဆန်မျိုးစေ့များဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများအား ဇူလိုင်လအစောပိုင်းတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်၊ Xinhua(၂၉-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading