ပြည်ပသတင်းများ

ပြင်သစ်အလှကုန်များအတွက် ဦးဆောင်ဈေးကွက်ဖြစ်လာ သည့် တရုတ်နိုင်ငံ

(၂၀၂၀) ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံမှ အလှကုန် များအတွက် ဦးဆောင်ဈေးကွက်ဖြစ်လာခဲ့ပါသည်။ (၂၀၂၀) ခုနှစ်တွင် (၂၀၁၉) ခုနှစ်ကထက် (၁၁.၈)ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ကျန်းမာရေးနှင့် စီးပွားရေး အကျပ်အတည်းကာလ၌ ပြင်သစ်အလှကုန်များ၏ တင်ပို့မှုမှာ ယူရို (၁၅.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ခန့်) ရှိခဲ့ပါသည်။

ယမန်နှစ်အတွင်း အလှကုန်ကဏ္ဍ၏ ကျဆင်းမှုမှာ အခြားကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အသင့်အတင့်သာရှိခဲ့ကာ၊ ပြင်သစ်စီးပွားရေးသို့ ယူရို (၁၀.၆) ဘီလီယံ ပါဝင်ခဲ့ပြီး အပြုသဘော ဆောင်သည့်မျှခြေအဖြစ် ပါဝင်ဖြည့်ဆည်းခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အလှကုန် ကဏ္ဍ၌ ဉီးဆောင်နေသည့်နိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်ပါသည်။

(၂၀၂၀) ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျန်းမာရေးနှင့် စီးပွားရေးအကျပ်အတည်း များကြောင့် သက်ရောက်ခဲ့သော်လည်း အာရှနှင့် အထူးသဖြင့် တရုတ်နိုင်ငံသို့ ပြင်သစ်မှ အလှကုန်ပစ္စည်းများတင်ပို့မှုမှာ  ခိုင်မာစွာဖွံ့ဖြိုးလာခဲ့ပါသည်။

တရုတ်နိုင်ငံသည် ပြင်သစ်မှ တင်ပို့သော နှုတ်ခမ်းနီ (၄) ချောင်းလျှင် တစ်ချောင်း ဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်း၊တရုတ်စားသုံးသူများသည် အသားအရေ ထိန်းသိမ်းစောင့်ရှောက် သည့် ပစ္စည်းများအပြင် မိတ်ကပ်ပစ္စည်းများကိုပါ အလွန်လူကြိုက်များ ဝယ်ယူနေဆဲနိုင်ငံဖြစ် ကြောင်းသိရပါသည်။  အထူးသဖြင့် လက်သန့်ရှင်းရေး ပြုလုပ်ရန်လိုအပ်သည့် စီမံဆောင်ရွက်မှု များကြောင့် ပြင်သစ်မှ ဆပ်ပြာများ ရောင်းချရမှုမှာ (၁၁.၃) ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua(၉-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading