ပြည်ပသတင်းများ

ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှုအရှိဆုံး ဥရောပနိုင်ငံများ အနက် ဘယ်လ်ဂျီယံနိုင်ငံ အဆင့် (၅) ၌ ရပ်တည်ခဲ့ခြင်း

ပြီးခဲ့သည့်နှစ်အတွင်း၌ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (၂၆၇) ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ အလုပ်အကိုင်အရေအတွက် (၅၄၀၁) ခုကို ဖန်တီးပေးနိုင်ခဲ့သည်ဟု Ernst & Young ၏ စစ်တမ်းအရသိရှိရကြောင်း၊ ထို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှု ကို ဆွဲဆောင်နိုင်မှုအရှိဆုံး ဥရောပနိုင်ငံများအနက် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့၏ နောက်တွင်အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံသည့် ပြည်ပနိုင်ငံများအနက် အမေရိကန် နိုင်ငံသည် စီမံကိန်းလုပ်ငန်းပေါင်း (၄၅) ခုဖြင့် အများဆုံးဖြစ်ပြီး၊ ပြင်သစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (၄၂) ခုဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသိသိသာသာတိုးတက်လာ သည့်ကဏ္ဍမှာ Clean Technologies ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အများဆုံး ပြုလုပ်သည့် ကဏ္ဍများမှာ အရောင်းမြှင့်တင်ရေးလုပ်ငန်းကဏ္ဍတွင် ပရိုဂျက် (၁၀၅) ခု၊ ကုန်ထုတ် လုပ်မှုကဏ္ဍ တွင်ပရိုဂျက် (၆၀) ခုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်မှုကဏ္ဍတွင် ပရိုဂျက် (၅၁) ခုတို့ ဖြစ်ကြကြောင်း၊ အဆိုပါလုပ်ငန်းကဏ္ဍသုံးခုသည် ပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ (၈၀) ရာခိုင် နှုန်းကို ကိုယ်စားပြုထားကြောင်း၊ ဖလန်းဒါးဒေသမှာ ဘယ်လ်ဂျီယံနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံ မှုကို ဆွဲဆောင်နိုင်မှုအရှိဆုံးဒေသအဖြစ် ဆက်လက်ရပ်တည်နေပြီး၊ စီမံကိန်းလုပ်ငန်းပေါင်း (၁၂၇) ခုရှိကြောင်း၊ ဘရပ်ဆဲလ်ဒေသမှာ စီမံကိန်း (၇၆) ခုဖြင့် တိုးတက်မှု (၂၅) ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဝေါလိုးနီးယားဒေသမှာ စီမံကိန်း (၆၃) ခုဖြင့် (၃၃) ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading