ပြည်တွင်းသတင်းများ

စီမံကိန်းဦးစီးဌာန၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း အသစ် (၄၅)ဦး အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည်ပြည့်ဝရေး၊ တည်ဆဲ နိုင်ငံဝန်ထမ်း ဥပဒေများ၊ အမိန့် နှင့် ညွှန်ကြားချက်များအပေါ် သိရှိလိုက်နာရေးအတွက် ဌာနများ အလိုက် သက်ဆိုင်ရာ သင်တန်းများကို ကျင်းပပေးလျက်ရှိရာ စီမံကိန်းဦးစီးဌာန ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းအသစ်(၄၅)ဦးအတွက် လုပ်ငန်းခွင် အကြို သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန(၉)ခု၊ တက္ကသိုလ် (၂)ခုတို့တွင် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး အတွက် ဝန်ထမ်း ပြုန်းတီးမှု မရှိစေရေး ၊ လစ်လပ်ရာထူးနေရာများ အစားထိုးခန့်ထားနိုင်ရေး နှင့် လုပ်ငန်း ကျွမ်းကျင်သော လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ စီမံကိန်းဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် ဒုတိယဦးစီးမှူး(၁၇)ဦး၊ လက်ထောက်ဦးစီးမှူး (၂၀)ဦး၊ ဒု-လက်ထောက် ဦးစီးမှူး(၈) ဦး စုစုပေါင်း(၄၅)နေရာ အတွက် သတ်မှတ် အရည်အချင်းပြည့်မီသူများကို ခန့်အပ်ခဲ့ကြောင်း၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသည့် အဆိုပါသင်တန်းတွင် စီမံကိန်းနှင့်စာရင်းအင်းဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်၊ အာဆီယံရေးရာ ဘာသာရပ်၊ လယ်ယာစီးပွားနှင့်ကုန်သွယ်မှုဘာသာရပ်၊ စီမံကိန်းစိစစ်သုံးသပ်ရေးဘာသာရပ်၊ မူဝါဒနှင့်သုတေသနဘာသာရပ်၊ ငွေစာရင်း ဘာသာ ရပ် စသည့် လုပ်ငန်းခွင်လက်တွေ့အသုံးချဘာသာရပ်များကို ပို့ချပေးခဲ့ပါသည်။

Loading