ပြည်တွင်းသတင်းများ

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် သာမက နှစ်နိုင်ငံ အစိုးရ အကြား လယ်ယာကဏ္ဍ ပူးပေါင်း ဆောင်ရွက် ရေး ဆိုင်ရာ အစီအစဉ်နှင့် သဘောတူ စာချုပ်များအရ  ဆောင်ရွက်ရန် ရှိနေသည့် စီမံကိန်းများ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ (၉)ရက်နေ့က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စတုတ္ထအကြိမ် စီမံကိန်း များ စတင်ကြောင်း အသိ ပေးခြင်း အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai  နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန မှ ညွှန်ကြားရေး မှူးချုပ် ဒေါ်မာလာသန်းထိုက် တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး ၊ စီမံကိန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း တင်ပြသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် ကို ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်း ကောင်းပီ သစွာ ချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီး ဒေသတွင်း အဖွဲ့ဝင်(၆)နိုင်ငံအကြား ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက် ညီရေး၊ ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌မှု ရရှိရေး ကို အလေးထား ဖော်ဆောင်ရန် ရည်ရွယ်၍ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းသည့် နိုင်ငံများ၏ ရေမြေသဘာဝနီးစပ်မှု၊ သမိုင်းနှင့် ယဉ်ကျေးမှု ဆက်နွယ်မှု၊ ဓလေ့ထုံးစံများ၊ တွေးခေါ်မှုပုံစံများ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာများ ပျံ့နှံ့ဆက်နွယ်လျက်ရှိသော တရုတ် ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး ၏ ဆန်းယ ကြေညာစာတမ်း (Sanya Declaration) အရ မဲခေါင်နိုင်ငံများသည် ပွင့်လင်း မြင်သာ ၍ အားလုံးပါဝင်နိုင် ရေးကို အရင်းတည်သည့် မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် ပေါင်းစည်း ဆက်နွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ် ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်း အမြစ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး ဦးစားပေး နယ်ပယ် (၅)ရပ်တွင် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း စီမံကိန်း များ တွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍ ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမ အသုတ် စီမံကိန်း(၅) ခု၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယအသုတ်စီမံကိန်း(၉) ခု၊ ၂၀၂၀ ခုနှစ်တွင် တတိယ အသုတ် စီမံကိန်း(၆)ခု ၊ ၂၀၂၁ ခုနှစ်တွင် စီမံကိန်း(၄)ခု စုစုပေါင်းစီမံကိန်း (၂၄)ခု ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ခွင့်ပြုထားသည့် စီမံကိန်းလုပ်ငန်း များ အရ မျှစ်ထုတ်လုပ်ရေးနှင့်ဆက်စပ်သော ကျေးလက်နေ အိမ်ထောင်စု များ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်စေရန်၊ စိုက်ပျိုးရေး ဈေးကွက် အလားအလာ ရှိသော သီးနှံများ ဖြစ်သည့်  မက္ကဒေးမီးယား စိုက်ပျိုးသည့် လုပ်ကွက်ငယ် တောင်သူများအား နည်းပညာ ပံ့ပိုးပေးခြင်း၊ အဆင့်မြင့် ထုတ်လုပ်မှု၊ ထုတ်ပိုးမှု နည်းပညာများဖြင့် အရည်အသွေး မြှင့် ကော်ဖီထုတ်လုပ်မှု ဝင်ငွေ တိုးတက်စေရေးနှင့် နယ်စပ်ဖြတ်ကျော် တိရိစ္ဆာန် ကူးစက် ရောဂါများ နှင့် လူနှင့် တိရိစ္ဆာန် အကြား အပြန်အလှန် ကူးစက်တတ်သည့် ရောဂါ ကာကွယ် ဆေးထုတ်လုပ်ခြင်း နည်းပညာ ပူးပေါင်း ဆောင်ရွက်ခြင်း များဆိုင်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် စိုက်ပျိုးရေးနှင့် ဆက်စပ် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည် ဖြစ်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ် နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုများ ကြောင့် သွင်းအားစု စရိတ်ကြီးမြင့်လာမှု ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ စသည့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ညှိနှိုင်းခွင့်ပြု ထားသည့် လုပ်ငန်းစီမံကိန်းများ ၊ ရန်ပုံငွေများ နှင့်အညီ မျှော်မှန်းရလဒ်များရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Loading