ပြည်တွင်းသတင်းများ

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒကို ပြဋ္ဌာန်းနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် the United States Department of Agriculture (USDA) တို့ ပူးပေါင်းလျက် “Finalization Workshop on National Biosafety Framework” အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့်မူဝါဒကို ပြဋ္ဌာန်းနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် the United States Department of Agriculture (USDA) တို့ ပူးပေါင်းလျက် “Finalization Workshop on National Biosafety Framework” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ Hilton ဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာတွင် ခေတ်မီဇီဝနည်းပညာရပ်များကို လူသားတို့၏ကျန်းမာရေး၊ အစား အစာနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် အန္တရာယ်ဖြစ်နိုင်ခြေ အနည်း ဆုံးနှင့် အကျိုးအများဆုံးရရှိရန် အသုံးပြုနိုင်ရေးအတွက် လိုအပ်သော ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒများ ပြဋ္ဌာန်းပြီး ထိန်းကျောင်းနိုင်ရေးအတွက် ရေးဆွဲပြုစုထားသော National Biosafety Framework (မူကြမ်း) ကို အတည်ပြုနိုင်ရေးရည်မှန်းပြီး ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင်(မူကြမ်း)ကို အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ဆက်စပ်ဝန်ကြီးဌာန အသီးသီးမှ အကြံပြုချက်များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသော မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများကို လိုက်လျောညီထွေစွာ ပေါင်းစပ်ညှိနှိုင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအတည်ပြုလိုက်သော National Biosafety Framework ကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ အတည်ပြုပြီးသော National Biosafety Framework ကို ထုတ်ပြန်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်းနှင့် မူဘောင်အတည်ပြုထုတ်ပြန်ပြီးပါက ဇီဝလုံခြုံမှုဆိုင်ရာလမ်းညွှန်စာတမ်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာ ဥပဒေကို ဆက်လက်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိ ရပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားစဉ်

Loading