သမဝါယမဌာနခွဲ
- သမဝါယမကဏ္ဍနှင့် သက်ဆိုင်သော လစဉ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ (၃) လပတ် အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ (၆) လပတ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် နှစ်ချုပ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စုစည်းတင်ပြဆောင်ရွက်လျက်ရှိပါသည်။
- ယင်းသို့ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာန၏ သမဝါယမအသင်းများအား သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများဖြင့် ဖွဲ့စည်းခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်းနှင့် သမဝါယမ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု ဆိုင်ရာ သမဝါယမအသင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးမှု အခြေအနေများကို စုစည်း သုံးသပ်ဆောင်ရွက်လျက်ရှိပါသည်။
- အလားတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ နှင့် နည်းဥပဒေများအရ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ယွန်းနှင့် ရက်ကန်းလုပ်ငန်း များနှင့် ပန်း (၁၀) မျိုးအပါအဝင် ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးမှု အခြေအနေများကို သုံးသပ် ဆောင်ရွက်လျက် ရှိပါသည်။
- ထို့အပြင် ဈေးကွက်သတင်းဌာနစုအနေဖြင့် နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ လက်ရှိဆောင် ရွက်မှုများ၊ ကုန်စည်အမျိုးအစားနှင့် သတင်းအရင်းအမြစ်များအား ဆက်လက်ဖော်ပြသွားပါ မည်-
- လယ်ယာထွက်ကုန်ဈေးနှုန်း သတင်းအချက်အလက် ဖြန့်ဝေခြင်းစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)တို့ ပူးပေါင်း၍ ၁၉၉၉ ခုနှစ်၊ မေလတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
- အဆိုပါစီမံကိန်းအပြီး ၂၀၀၁ ခုနှစ် မတ်လနောက်ပိုင်းမှစ၍ ဝန်ကြီးဌာန၏ဘဏ္ဍာငွေဖြင့် စီမံကိန်းဦးစီးဌာနအောက်တွင် ဈေးကွက်သတင်းဌာနစိတ် (Market Information Service –MIS) အမည်ဖြင့် လယ်ယာထွက်ကုန်ဈေးနှုန်းသတင်း အချက်အလက် ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
- ဈေးကွက်သတင်းဌာနစိတ်၏ ရည်ရွယ်ချက်မှာ –
- ပွင့်လင်းမြင်သာမှုရှိသော လယ်ယာထွက်ကုန်ဈေးကွက် တိုးတက်ဖြစ်ပေါ်လာစေရန်။
- ဈေးကွက်သတင်းအချက်အလက်ကိုအခြေခံ၍ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သောသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး အ ထောက်အကူပြုနိုင်ရန်။
- ဈေးနှုန်းနှင့်ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်အလားအလာကို ခန့်မှန်းတွက်ချက်ပြီး ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုဆိုင်ရာ မူဝါဒများချမှတ်ရေးကို အထောက်အကူပြုနိုင်ရန်။
- ဈေးကွက်သတင်းဌာနစိတ်၏ လက်ရှိဆောင်ရွက်မှုများမှာ
- မြို့နယ် (၂၃) မြို့နယ်ရှိ ဈေးကွက် (၂၅) ခုမှ ဈေးကွက်သတင်းအချက်အလက်များ ကောက်ယူခြင်း၊
- ဝန်ကြီးဌာနမှ နှစ်ပတ်တစ်ကြိမ်ထုတ်ဝေသည့် လယ်ယာစီးပွားဂျာနယ်သို့ ဈေးကွက်သတင်းနှင့် အချက်အလက်များအား ပံ့ပိုးပေးခြင်း၊
- ဈေးနှုန်းသတင်းလွှာအား အပတ်စဉ်၊ လစဉ်ပြုစုထုတ်ဝေခြင်း၊
- လယ်ယာထွက်ကုန်ဈေးနှုန်းများ နှစ်ချုပ်စာအုပ်အား ပြုစုထုတ်ဝေခြင်းနှင့်
- ပြည်တွင်းပြည်ပ လယ်ယာထွက်ကုန်ဈေးနှုန်းနှင့်သတင်းအချက်အလက်များအား ဖြန့်ဝေခြင်း၊
- ကုန်စည်အမျိုးအစားနှင့် သတင်းအရင်းအမြစ်များ
- ကုန်စည်အမျိုးအစားများ
- နှံစားသီးနှံအုပ်စု
- စားဖိုဆောင်သီးနှံအုပ်စု
- စားသုံးဆီအုပ်စု
- ပဲမျိုးစုံအုပ်စု
- ဆီထွက်သီးနှံအုပ်စု
- ဟင်းသီးဟင်းရွက်အုပ်စု၊
- သစ်သီးဝလံအုပ်စု
- သားငါးနှင့် ရေထွက်ကုန်ပစ္စည်းအုပ်စု
- ဓာတ်မြေဩဇာ
- ပြည်ပဈေးနှုန်းများ
- သတင်းအရင်းအမြစ်များ
- မူလအရင်းအမြစ်
- ရန်ကုန်စျေးကွက်
- သီရိမင်္ဂလာစျေး
- ဘုရင့်နောင်စျေး
- ကြည့်မြင်တိုင်စျေး
- မန္တလေးစျေးကွက်
- မန္တလေးကုန်စည်ဒိုင်
- ကိုင်းတန်းစျေး
- သီရိမာလာစျေး
- နေပြည်တော်စျေးကွက်
- ပျဉ်းမနားစျေးကွက်
- တပ်ကုန်းစျေးကွက်
- လယ်ဝေးစျေးကွက်
- မြင်းခြံစျေးကွက်
- ပခုက္ကူစျေးကွက်
- ပုသိမ်စျေးကွက်
- မော်လမြိုင်စျေးကွက်
- ပြည်စျေးကွက်
- မုံရွာစျေးကွက်
- တောင်ကြီးစျေးကွက်
- အောင်ပန်းစျေးကွက်
- အင်းလေးစျေးကွက်
- ဝက်ပုတ်စျေးကွက်
- လားရှိုးစျေးကွက်
- မူဆယ်စျေးကွက်
- စစ်တွေစျေးကွက်
- မြိတ် (ရေထွက်ကုန်ပစ္စည်း)
- မြိတ် (လယ်ယာထွက်ကုန်ပစ္စည်း)
- မြဝတီစျေးကွက်
- ဒုတိယအရင်းအမြစ်
(၁) ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ ပေးပို့သော ဈေးကွက်သတင်းများ
(၂) UMFCCI၊ Agriculture Market Information Agency (AMIA) နှင့် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များထံမှ ဈေးကွက် သတင်းများ
(၃) အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်း သတင်းဌာန များမှ ထုတ်ပြန်လျက်ရှိသော ဈေးနှုန်း၊ သတင်းထုတ်ပြန်ချက်များ
ဈေးကွက်သတင်းဌာနစု |
ပြည်တွင်းဈေးကွက်သတင်းများ | ALL NEWS |
|
ဇယား သတင်းခေါင်းစဉ်
………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………………………………………………………………
- သတင်းခေါင်းစဉ်
- သတင်းခေါင်းစဉ်
- သတင်းခေါင်းစဉ်
ပြည်ပဈေးကွက်သတင်းများ | ALL NEWS |
|
သတင်းခေါင်းစဉ်
………………………………………………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………………………………………………………………
- သတင်းခေါင်းစဉ်
- သတင်းခေါင်းစဉ်
ဓာတ်ပုံကဏ္ဍ | ALL PHOTOS |
ပုံနှိပ်ထုတ်ဝေခြင်း | ALL PUBLICATION |
နှစ်ချုပ်စာအုပ်များ |
- ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၈
- ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၇
- ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ ၂၀၁၆
လစဉ်ထုတ်သတင်းလွှာ |
ပြည်တွင်းပြည်ပလယ်ယာထွက်ကုန်ဈေးနှုန်းများ သတင်းလွှာ
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အမှတ်စဉ် ၁၂/၂၀၁၉
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အမှတ်စဉ် ၁၁/၂၀၁၉
ဆက်သွယ်ရန်
ဈေးကွက်သတင်းဌာနစိတ်၊ စီမံကိန်းဦးစီးဌာန၊ ရုံးအမှတ် (၁၅)၊ နေပြည်တော်
ဖုန်းနံပါတ်/ ဖက်စ် – ၀၆၇-၃၄၁၀၁၀၇
အီးမေးလ် –