ပြည်ပသတင်းများ

အခွန်ရှောင်မှုတိုက်ဖျက်ရန်အတွက် G7 နိုင်ငံများ၏ ကမ္ဘာလုံး ဆိုင်ရာ အခွန်အစီအစဉ်ကို နယ်သာလန်နိုင်ငံက ထောက်ခံ ခဲ့ခြင်း

ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်လုပ်ငန်းခွန်အား အနိမ့်ဆုံး (၁၅) ရာခိုင်နှုန်း သတ်မှတ်ရေး အဓိက စီးပွားရေးနိုင်ငံများအုပ်စု (G7) ၏ အစီအစဉ်ကို နယ်သာလန်နိုင်ငံအစိုးရက ထောက်ခံမှု ပြုခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် ကမ္ဘာတစ်ဝန်း၌ ကုမ္ပဏီလုပ်ငန်းများ၏ အခွန်ရှောင်ရှားမှု များကို တိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခွန်ဆိုင်ရာ သဘော တူညီချက်ကို ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည့် အဓိကစီးပွားရေးနိုင်ငံများအုပ်စု (G7) ၏ ဘဏ္ဍာရေးဝန်ကြီးများက ၅-၆-၂၀၂၁ ရက်တွင် လန်ဒန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါသည်။

G7 ၏ ယင်းအစီအစဉ်သည် Apple၊ Facebook၊ Google နှင့် Amazon တို့ကဲ့သို့သော နည်း ပညာကုမ္ပဏီကြီးများအနေဖြင့် ၄င်းတို့၏ လုပ်ငန်းများမှ ဝင်ငွေရရှိနေသည့်နိုင်ငံများ၌ အခွန်ပေး ဆောင်စေရေး တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ပါသည်။ လက်ရှိတွင် ယင်းကုမ္ပဏီကြီး များသည် ၄င်းတို့အခြေစိုက်တည်ရှိနေသည့် နိုင်ငံများ၌သာ အခွန်ပေးဆောင်ရလျက်ရှိခြင်းကြောင့် အခွန်ရှောင်ရှားရန်အတွက် လွယ်ကူစေသကဲ့သို့ ဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာအခွန်အစီအစဉ်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများ အနေ ဖြင့်ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် ၄င်းတို့၏ အခွန်နှုန်းထား များကို ရနိုင်သမျှ အများဆုံးလျှော့ချ၍ ယှဉ်ပြိုင်နေကြသည့် “race to the bottom” ကို အဆုံးသတ်စေ လိမ့် မည်ဟုသိရသည်။

ကမ္ဘာလုံးဆိုင်ရာအခွန်သဘောတူညီချက်နှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ၏ အိမ် စောင့်အစိုးရ (caretaker government) က ထောက်ခံကြောင်း၊ အဆိုပါနည်းလမ်းဖြင့် အခွန် ရှောင်ရှားမှုများကို ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နယ်သာလန်အစိုးရ၏ State Secretary of Finance ဖြစ်သူ Hans Vijlbrief က ၄င်း၏ တွစ်တာစာမျက်နှာ၌ ရေးသား ထားသည်။ အခွန်ဆိုင်ရာ သဘောတူညီချက်ကို အီးယူ၌ ဆောလျင်စွာ အကောင်အထည်ဖော်ရေး ၄င်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ G7 အဖွဲ့ဝင်နိုင်ငံများ၏ ကော်ပိုရိတ်လုပ်ငန်း ခွန်နှုန်းထားမှာ (၁၅) ရာခိုင်နှုန်း ဖြစ်သော်လည်း အီးယူရှိ အချို့နိုင်ငံများ ၌ ယင်းနှုန်းအောက်တွင် သာရှိနေကြောင်း၊ အိုင်ယာလန်နှင့် ဆိုက်ပရပ်နိုင်ငံတို့၏ ကုမ္ပဏီ လုပ်ငန်းခွန်နှုန်းမှာ (၁၂.၅) ရာခိုင်နှုန်း၊ ဟန်ဂေရီ၌ (၉) ရာခိုင်နှုန်းသာ ဖြစ်ကြောင်း Hans Vijlbrief က ပြောကြားခဲ့သည်။

Loading