ပြည်ပသတင်းများ

ကဏ္ဍလေးခုကိုအာရုံစိုက်မည့် ထိုင်းနိုင်ငံ၏ အမျိုးသား ကုန်သွယ်မှု မဟာဗျူဟာအသစ်

ထိုင်းနိုင်ငံ၏ အမျိုးသားကုန်သွယ်မှုမဟာဗျူဟာသည် ပြုပြင် ထုတ်လုပ်ထားသော လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အစားအစာများ၊ ကျန်းမာရေး၊ ဇီဝနည်းပညာနှင့် ဒီဂျစ် တယ်နည်းပညာတို့ပါဝင်သည့် ကဏ္ဍ(၄)ရပ် အပေါ်အာရုံစိုက်သင့်ကြောင်း မူဝါဒဆိုင်ရာအကြီး အကဲတစ်ဉီးက ပြောကြားကြောင်းသိရှိရပါသည်။ ထိုသို့အာရုံစိုက်အလေးထားမှုက ထိုင်းနိုင်ငံအား ခေတ်ရေစီးကြောင်းများအရ ပြောင်းလဲနေသော နည်းပညာခေတ်ရေစီးကြောင်းနှင့်အညီ လိုက် လျောညီထွေ ဖြစ်အောင်ပြု လုပ်ပေးလိမ့်မည်ဖြစ်ကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာဌာန ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereroengrit ကပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

Mr. Phusit က ဌာနအနေဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုများ အပါအဝင် သက်ဆိုင်သူ(Stakeholders) များအားလုံးနှင့် ၂၀၂၁ခုနှစ်မှ၂၀၂၅အထိဆောင်ရွက်မည့် တိုင်းပြည် ၏ ပထမဆုံး အမျိုးသားကုန်သွယ်မှု မဟာဗျူဟာစီမံကိန်း (Country’s first national trade strategy plan) (2021-2025) အတွက်အွန်လိုင်းကြားနာပွဲ(Online Public hearings) များ ကိုပြုလုပ်ဆောင် ရွက်လျှက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းသည်Covid-19အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်နှင့် တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်နာလန်ထူလာစေရန်ရည်ရွယ်ကြောင်း သိရှိရပါသည်။ (၅) နှစ်တာ ဆောင် ရွက်မည့်အဆိုပါ ကုန်သွယ်မှုမဟာဗျူဟာစီမံကိန်း (Five-year Trade Strategy Plan ) အား ယခုလအကုန်တွင် အပြီးသတ်မည်ဟုမျှော်လင့်ရသည်ဟု  Mr. Phusit က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် လူလတ်ပိုင်းအသက်အရွယ်ရှိသူများပြားလာသည့် ( Aging Society) လူ့ဘောင် ဖြစ်လာခြင်းနှင့် Covid-19 အကျပ်အတည်းတို့နှင့် ရင်ဆိုင်နေရသည်နှင့်အမျှ ယခုပစ်မှတ်ထားသည့်ကဏ္ဍ (၄) ရပ်သည် တိုင်းပြည်အတွက် အကျိုးကျေးဇူးများစွာကို ထောက်ပံ့ဖြည့်ဆည်းလျှက်ရှိနေကြောင်း Mr.Phusit ကပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှု မဟာဗျူဟာသည်S-curve မဟာဗျူဟာ စက်မှုလုပ်ငန်း(၁၂)ခုအပေါ် အခြေခံ၍ စီးပွားရေးတိုးတက်မှုကို မောင်းနှင် ရန်အစိုးရ၏ အနှစ်(၂၀) မဟာဗျူဟာနှင့်ကိုက်ညီမည်ဟု မျှော်လင့်ရကြောင်း ၄င်းကပြောကြား ခဲ့ပါသည်။ အဆိုပါ S-curve မဟာဗျူဟာ စက်မှုလုပ်ငန်း (၁၂) ခုမှာ မော်တော်ကားလုပ်ငန်း၊ စမတ်အီလက်ထရောနစ်၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဇီဝနည်းပညာ၊ အစားအစာ၊ စက်မှုလုပ်ငန်း သုံးစက်ရုပ်များ (Robotics for Industry)၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လေကြောင်း၊ ဇီဝလောင်စာနှင့် ဇီဝဇာတုဗေဒ၊ ဒီဂျစ်တယ်၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကာကွယ်ရေး (defence)နှင့် ပညာ ရေးတိုးတက်ဖွံ့ဖြိုးမှုတို့ဖြစ်ကြောင်းသိရှိရပါသည်။

Mr. Phusit၏ အဆိုအရ အမျိုးသားကုန်သွယ်မှု မဟာဗျူဟာအစီအစဉ်ကို စတင် အကောင်အထည်ဖေါ်သည်နှင့် ၄င်းက ထိုင်းနိုင်ငံကို အမျိုးသားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့အတွက် ရှင်းလင်းသော လမ်းကြောင်းကိုရရှိစေရေး ကူညီပေးလိမ့် မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာ ပြုပြင်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများတွင်ရှိသော အားသာချက်များက Covid-19 အကျပ် အတည်းကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်ကြောင်း ၄င်းကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ၄င်း၏ပေါများကြွယ်ဝလှသောကုန်ကြမ်းများကြောင့် ကမ္ဘာပေါ်တွင် အရေးကြီးသော စိုက်ပျိုးရေးထုတ်လုပ်မှု အခြေခံသောနိုင်ငံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၄င်း၏ အရည်အသွေးနှင့်စံချိန်စံညွှန်းမြင့်မားသော အစားအစာထုတ်လုပ်မှု (Food Production ) ကြောင့် အားလုံး၏ အသိအမှတ်ပြုမှုကိုရရှိခဲ့ကြောင်း၊ ၄င်းအချက်က  ကမ္ဘာ့ဈေးကွက်ရှိ စားသုံးသူ အုပ်စုအားလုံး ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း Mr. Phusit ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ကျန်းမာရေးနှင့် နာမကျန်းဝန်ဆောင်မှုလုပ်ငန်းများ၊ အလှအပဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ Sps and elderly care ဝန်ဆောင်မှုလုပ်ငန်းများအပိုင်းတို့တွင် အထူးထင်ရှားကျော်ကြား လှကြောင်း၊ သို့ဖြစ်ရာ ထိုင်းနိုင်ငံအနေဖြင့် ကပ်ရောဂါပြီးပါက အထူးသဖြင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ထင်ရှားပေါ်လွင်လာစေရန် ရှင်းလင်းသောမဟာဗျူဟာတစ်ရပ် လို အပ်နေကြောင်း ၄င်းကပြောကြားခဲ့ပါသည်။

ဇီဝနည်းပညာလုပ်ငန်းအနေဖြင့် ထိုင်းနိုင်ငံအတွက် အသစ်အဆန်းဖြစ်နေသော်လည်း အစိုးရ အနေဖြင့် Bio, Circular and Green Economy ဟုခေါ်သည့် စီးပွားရေးမှာ အထူး အာရုံစိုက်ထားရန် လိုအပ်သည့် တိုးတက်ကြီးထွားလာသောနယ်ပယ်တစ်ရပ်ဖြစ်ကြောင်း Mr.Phusit ကပြောကြားခဲ့ပါသည်။

ယခုအမျိုးသားကုန်သွယ်မှု မဟာဗျူဟာစီမံကိန်းမှာ ဇီဝနည်းပညာမူဝါဒ၊   စိုက်ပျိုးရေး နှင့်အစားအစာထုတ်လုပ်မှုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကာအကွယ်မှုနှင့် ဆေးဝါးဆိုင်ရာများ အတွက် လမ်းညွှန်ချက်ကို  အထောက်အပံ့ပေးလိမ့်မည်ဖြစ်ကြောင်း  ၄င်းက ပြောကြားခဲ့ပါသည်။ Mr.Phusit က ဒီဂျစ်တယ်လုပ်ငန်းသည် တိုင်းပြည်၏  ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ် မြစ်ဖြစ်ကြောင်း၊ အထူသဖြင့် Thailand 4.0အစီအစဉ်ဖြစ်ကြောင်း၊ e-commerce ၊ Internet of Things (IOT) ၊  Digital Contentနှင့် Cloud Computing တို့မှာ နည်းပညာများကို အသုံးပြုထားခြင်းဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading