ပြည်ပသတင်းများ

WTO ၏ ငါးလုပ်ငန်း အမတော်ကြေးထောက်ပံ့မှုဆိုင်ရာ အဆိုပြုမူကြမ်းအား အိန္ဒိယနိုင်ငံက ကန့်ကွက်ဖွယ်ရှိခြင်း

ကမ္ဘာတစ်ဝန်းရှိ ငါးဖမ်းလုပ်ငန်းများ၌ အမတော်ကြေးများ ထောက်ပံ့လုပ်ကိုင်နေမှုကို လျော့ချရန် ရည်ရွယ်လျက် အဆိုပြုမူကြမ်းတစ်စောင်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က အဖွဲ့ဝင် နိုင်ငံများသို့ ၁၁-၅-၂၀၂၁ နေ့၌ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါစာမူကြမ်းတွင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများအတွက် အချိန်ကန့်သတ်ချက်ဖြင့် ဖြေလျော့ခွင့်ပြုလျက် ပင်လယ် ငါးဖမ်းလုပ်ငန်းများ၌ အစိုးရ၏ အထောက်အပံ့ပေးမှုများကို လျော့ချသွားရန်နှင့် လုပ်ကိုင်နိုင် စွမ်းထက် ကျော်လွန်ဆောင်ရွက်မှု သို့မဟုတ် အလွန်အကျွံ ငါးဖမ်းမှုတွင် အမတော်ကြေး ထောက်ပံ့မှုများပြုပါက သင့်လျော်သည့် ငါးဖမ်းလုပ်ငန်း၌ ဇီဝဆိုင်ရာ ရေရှည်တည်တံ့မှုအဆင့် နှင့်လျော်ညီစွာ ထိန်းသိမ်းလုပ်ဆောင်ခြင်းဖြစ်သည်ကို အထောက်အပံ့ပေးအပ်သူက သရုပ်ဖော် ပြသရန် ဖော်ပြထားကြောင်း သိရှိရသည်။

                 ထိုသို့ အဆိုပြုချက်သည် ငါးဖမ်းလုပ်ငန်းကဏ္ဍ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးနှင့် သီးခြားသက်သာမှု အခွင့်အရေးများကို လျော့ပါးစေနိုင်ဖွယ်ရှိပြီး ပိုမိုတင်းကျပ်သည့် အသိပေး ထုတ်ပြန်ရန် လိုအပ်ချက်များအား ပြဌာန်းရန် ရည်ရွယ်သည်ဟုရှုမြင်လျက်ရှိသော အိန္ဒိယနိုင်ငံ နှင့် အာဖရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသအုပ်စုမှ အဖွဲ့ဝင် ၇၉ နိုင်ငံတို့က ကန့်ကွက်ဖွယ် ရာရှိကြောင်း အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

                 အိန္ဒိယအစိုးရအရာရှိတစ်ဦးက WTO အဆိုပြုချက်ပါ ရေးသားဖော်ပြချက်မှာ ပြဿနာ များရှိပြီး S&DT ခေါ် အထူးနှင့်သီးခြားသက်သာမှု အခွင့်အရေးများဆိုင်ရာ ကော်မတီ၏လုပ် ငန်းစဉ် အပေါ်မူတည်နေကြောင်း၊ လက်ရှိဖော်ပြချက်များသည် အချိန်ကန့်သတ်ချက်ဖြင့် ဖြေလျော့မှုနှင့်အတူ အိန္ဒိယကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြုပြင်ပြောင်းလဲလွယ်မှုများကို ကန့်သတ်လျက် သက်သာခွင့်များကို အားနည်းစေမည်ဖြစ်ကြောင်း၊ ယခုအဆိုပြုမူကြမ်းအပေါ် အခြားသော အစိုးရဌာနဆိုင်ရာများကလည်း ပြင်းထန်စွာကန့်ကွက်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ စာမူကြမ်းအား ပြင်ဆင်မှုများစွာရှိလာနိုင်ပြီး လာမည့်ဝန်ကြီးများအဆင့် အစည်းအဝေး၌ ဤ ကိစ္စရပ်အပေါ် ဆွေးနွေးမှုများမှာ အရာမထင်ဖြစ်မည်ကို စိုးရိမ်ရကြောင်း ပြောဆိုပါသည်။    ၁၅-၇-၂၀၂၁ နေ့တွင် ကျင်းပရန်စီစဉ်ထားရှိသည့် WTO ၏ ဝန်ကြီးများအဆင့် အစည်း အဝေး တွင် ယခုငါးလုပ်ငန်း အမတော်ကြေး ထောက်ပံ့မှုဆိုင်ရာ အဆိုပြုမူကြမ်းအား တင်ပြဆွေးနွေး မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source:          India to oppose WTO draft text on fisheries subsidies, 13-5-2021, Economic Times နေအေးလွင်၊ စီးပွားရေးသံမှူး

နယူးဒေလီမြို့

Loading