ပြည်ပသတင်းများ

လူဦးရေ ၁၉၆,၀၀၀ အတွက် အရေးပေါ်အကူအညီများ ပေးရန် ဘရာဇီးလ်နိုင်ငံ ဖက်ဒရယ်အစိုးရအတည်ပြု

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရလူဦးရေ ၁၉၆,၀၀၀ အနက် ၈၃,၀၀၀ အား အဆိုပါ အရေးပေါ်ကူညီမှုများကို ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမအသုတ်များ ခွဲ၍ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ လူဦးရေ ၁၉၆,၀၀၀ အတွက် ဘရာဇီးလ်ဟဲရာ ၂၄၀ သန်းတန်ဖိုးရှိ အရေးပေါ်အကူအညီများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ (ကြာသပတေးနေ့) တွင် ဖက်ဒရယ် အစိုးရက လွှဲပြောင်းပေးခဲ့သည်။

အစိုးရက၏အချက်အလက်များတွင် ဖော်ပြထားသည့် စိန်ခေါ်မှုများနှင့် သုံးသပ်ချက် များအပေါ် လေ့လာသုတေသနပြုလုပ်ပြီး‌နောက် နိုင်ငံသားရေးရာဝန်ကြီးဌာန (Ministry of Citizenship) ၏ ထုတ်ပြန်ချက်ကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အစိုးရပြန်တမ်းဖြင့် ထုတ်ပြန်ခဲ့ သည်။

အရေးပေါ်အကူအညီများအား အကျုံးဝင်သည့်သူများတွင် Dataprev website ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိနှင့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ‌ဖော်ပြခဲ့သည့် ဆိုင်းငံ့ထားသူများအပါအဝင် လူပေါင်း ၁၉၁,၀၀၀ ပါဝင်ခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်စိစစ်ခဲ့ပြီးနောက်ထပ် လူဦးရေ ၅၀၀၀ ကို ထည့်သွင်းခဲ့သည်။ ၎င်းတို့အနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက အဆိုပါထောက်ပံ့ ငွေများကို အရစ်လိုက် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။

ထောက်ပံ့မှုများအား လူဦး‌ရေ ၄၀,၉၀၀ ဦးသည် နောက်ဆုံး ၃ ကြိမ်ဖြင့် လက်ခံရရှိ မည်ဖြစ်ပြီး နိုင်ငံသား ၆၈,၁၀၀ ဦးရှိသော တတိယအုပ်စုအတွက် ဆက်လက်ပေးရမည့် စတုတ္ထ နှင့် ပဉ္စမအရစ်ထောက်ပံ့မှုများကို ဆက်လက်ထောက်ပံ့မည်ဖြစ်သည်။ ကျန်ရှိသည့် ၇၈,၃၀၀ ဦး ၏ ပဉ္စမအရစ်ထောက်ပံ့မှုများကို ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေများအား Caixa ဘဏ်တွင် ဒစ်ဂျစ်တယ်လူမှုရေး စုဆောင်းငွေ အဖြစ် အပ်နှံထားပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ the Caixa Tem application ကို အသုံးပြုပြီး ငွေထုတ်ယူခြင်းနှင့်‌ လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ Caixa Temapplication ဖြင့် virtual debit card နှင့်  QR Code များကို အသုံးပြု၍ online တွင် ဈေးဝယ်ယူမှုများနှင့် ATM ငွေထုတ်စက်များကို အသုံးပြု၍ ငွေထုတ်ယူခြင်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည်။

ကိုဗစ်ထောက်ပံ့ကြေး အကျိူးခံစားခွင့်ရရှိသူသည် ရေအသုံးစရိတ်၊ တယ်လီဖုန်း ခေါ်ဆိုခနှင့် ထီထိုးခြင်းကဲ့သို့သော ငွေပေးချေမှုများအပါအဝင် ငွေလွှဲပြောင်းခြင်းများအား Caixa Temapplication ကို အသုံးပြု၍ ဝန်ဆောင်ခအခမဲ့ဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ ငွေသားထုတ် ယူရာတွင်လည်း ၎င်း application ကို အသုံးပြု၍ ကတ်မပါဘဲဖြစ်စေ၊ ကုတ်နံပါတ်စနစ်ဖြင့် ဖြစ်စေ ငွေထုတ်ယူခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငွေထုတ်ယူသူများသည် password ကို အသုံးပြု၍ ဝင်ရောက်ပြီး ဖုန်း message မှ ကုတ်နံပါတ်ကို အသုံးပြုကာ ထုတ်ယူရမည်ဖြစ်သည်။ ကုတ်နံပါတ်ကို ငွေသားထုတ်ယူခြင်း အပြင် Caixa Aqui နှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် ထီဆိုင်များတွင် ငွေပေး ချေမှုများအပါအဝင် ဘဏ်ခွဲများတွင် ငွေထုတ်ယူခြင်းများကိုလည်း ဆောင်ရွက်နိုင်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Federal government approves emergency aid for 196 thousand people

Loading