ပြည်ပသတင်းများ

ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့် တင်ဆောင်ရွက်လာသည့် တရုတ်နှင့် အာဆီယံ

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖိုရမ်အား ဒီဇင်ဘာလ (၈) ရက်နေ့ တွင် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကွေ့လင်မြို့တွင် ကျင်းပခဲ့ပြီး၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုဌာနများမှ ကိုယ်စားလှယ်များက အွန်လိုင်းနှင့် အွန်လိုင်းပြင်ပ ပွဲများတွင် တစ်စုတစ်စည်းတည်း တက်ရောက်ခဲ့ကြပါသည်။

၎င်းပွဲအား ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်ဖိုရမ်၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုရှေးဟောင်း အမွေအနှစ်များအား ကာကွယ်ရေး၊ အမွေဆက်ခံရေးနှင့် ခရီးသွားလာမှုဖွံ့ဖြိုးရေးဖြစ်ပါသည်။

ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Zhang Xu က ပြောကြားရာတွင် အာဆီယံမှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်၌ အမြန်ဆုံးဖွံ့ဖြိုးလာနေ သည့်ဒေသဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများသည် ယဉ်ကျေးမှုနှင့် ခရီးသွားဖလှယ် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် အလားအလာကောင်းများဖြင့် ကျယ်ပြန့်သော ဖွံ့ဖြိုးတိုး တက်မှုအခွင့်အလမ်းများအား ရရှိခံစားလျက်ရှိကြကြောင်း၊ ရှေးဟောင်းနေရာများအား တူးဖော် ရှာဖွေရေး၊ ယဉ်ကျေးမှုအကြွင်းအကျန်များ ထိန်းသိမ်းမှုအပေါ် သုတေသနပြုလုပ်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များအား ဒစ်ဂျစ်တယ်မှုပြုလုပ်ရေးစသည့်နယ်ပယ်များတွင် အာဆီယံနိုင်ငံများနှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံက စိတ်အားထက်သန်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန ဝန်ကြီး Phoeurng Sackona ကလည်း ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း (၂,၀၀၀) ကျော်ကတည်း က ယဉ်ကျေးမှုချင်းဖလှယ်ခဲ့ကြပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ အား ကာကွယ်ရေး၊ မြှင့်တင်ရေးနှင့် လူသိများစေရေးတို့တွင် တရုတ်နိုင်ငံက များစွာသော အားပေးကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ကူးလူး ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ဖိုရမ်နှင့် တစ်ဆက်တည်းမှာပင် တရုတ်-အာဆီယံခရီးသွားလာရေးပြပွဲအား (၃) ရက် ကြာ ကျင်းပခဲ့ပါသည်။ ၎င်းပြပွဲမှာ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ခရီးသွားလာရေး၊ ဆက်သွယ် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား e-commerce ၊ နည်းပညာနှင့် 5G ကွန်ယက်များပါ ပေါင်းစပ်လျက် ရှေ့သို့ ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ် ပါသည်။ တရုတ်-အာဆီယံခရီးသွားလာရေးပြပွဲအား ကွေ့လင်မြို့တွင် (၂၀၁၅) ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်ပြပွဲတွင်မူ 5G၊ big data နှင့် virtual reality ကဲ့သို့သော အဆင့်မြင့်နည်းပညာများ၏ အကူအညီဖြင့် အွန်လိုင်းမှ ပြပွဲကိုပါ ထည့်သွင်းပြသခြင်းဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၉-၁၂-၂၀၂၀) နှင့် (၁၀-၁၂-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး (နန်နင်းမြို့)

Loading