ပြည်ပသတင်းများ

ဩစတြေးလျနိုင်ငံမှ မီးသွေးများတင်သွင်းမှု တားမြစ်ပိတ်ပင် လိုက်ခြင်းကြောင့် မွန်ဂိုလီးယားနိုင်ငံမှ တင်သွင်းမှုမြင့်တက် လာခြင်း

ဩစတြေးလျနိုင်ငံမှ ဆာလဖာနှင့်ပြာပါဝင်မှုနည်းသည့် မီးသွေး (Coking Coal) များ တင်သွင်းမှုအား ပေကျင်းမှ တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်စတီးစက်ရုံများနှင့် စွမ်းအင် စက်ရုံများသည် တရုတ်ပြည်နယ်မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မွန်ဂိုလီးယားမှ မီးသွေး (Coking Coal) များ ဝယ်ယူရန် ဆောင်ရွက်လာသော်လည်း ဈေးနှုန်း၊ အရည်အသွေးနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းတွင် အခက်အခဲများရှိနေရာ အချို့သုံးစွဲမည့်သူများအတွက် အဆင်ပြေ လွယ်ကူနိုင်ခြင်း မရှိကြောင်း၊ တရုတ်ပြည်နယ်မြောက်ပိုင်းရှိ သုံးစွဲသူများအတွက် အဆင်ပြေနိုင် သော်လည်း တောင်ပိုင်းပြည်နယ်ရှိသူများအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်တွင် အခက်အခဲများ ပိုမိုတွေ့ရှိနိုင်ကြောင်း၊ ဩစတြေးလျမှ တင်သွင်းမှုအား တားမြစ်ပိတ်ပင်လျှင် ပြည်တွင်း၌ မီးသွေးဈေးနှုန်း ကြီးမြင့်နိုင်ကြောင်း၊ ယခုအချိန်ထိ ဩစတြေးလျမှ တင်သွင်းမှုအား တားမြစ်ပိတ်ပင်ထားရာ ကုန်သည်များမှာ အခြားနိုင်ငံများမှ တင်သွင်းမှုကို ပြောင်းလဲလုပ်ကိုင် လာကြကြောင်း၊ မွန်ဂိုလီးယားမှ မီးသွေးမှာ အရည်အသွေးကောင်းမွန်ကြောင်း၊ ကုန်တွင်းပိတ် နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားမှ တရုတ်နိုင်ငံသို့ မီးသွေးတင်ပို့မှု မြင့်တက်လာပြီး တစ်နေ့လျှင် ကုန်တင်ကား (၁,၀၀၀) စီးခန့် တင်ပို့နေရကြောင်း၊ စတီးထုတ်လုပ်ရန်အတွက် မွန်ဂိုလီးယားမှ မီးသွေးအသုံးပြုမှု မြင့်တက်လာရာ မွန်ဂိုလီးယားမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သည့် ကုန် ပစ္စည်းအဆင့်နေရာအား ပြန်လည်ပြောင်းလဲရမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ လ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Su-Lin Tan က “Australia cola ban lifts Mongolia imports” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် နယ်စပ်ဂိတ်များနှင့် ကူးသန်းသွားလာမှုများ ပိတ်ဆို့မှုကြောင့် မွန်ဂိုလီးယားမှ မီးခိုးထုတ်လုပ်မှုများ ရပ်တန့်ပြီး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်များ လျော့ကျခဲ့ကြောင်း၊ လွန်ခဲ့သော (၃)နှစ်က တရုတ်နိုင်ငံ၏မီးသွေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သြစတြေးလျနိုင်ငံမှ မီးသွေးတင်ပို့သူများသည် တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရန် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် လေ့လာတွေ့ရှိချက်များအရ တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံ အကြား နိုင်ငံရေးဆက်ဆံမှု ကောင်းမွန်မှုကြောင့် မွန်ဂိုလီးယားနိုင်ငံမှ မီးသွေးကို အသုံးပြုရန် အခွင့်အလမ်းပိုများကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံမှ ရေထွက်ပစ္စည်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များနှင့် ဓာတုဗေဒပစ္စည်းများအပါအဝင် ပို့ကုန်အမယ် (၃၆၆) မျိုးအပေါ် အခွန်များဖြတ်တောက်ရန် အာရှပစိဖိတ်ကုန်သွယ်ရေးသ‌ဘောတူညီချက် (Asia- Pacific Trade Agreement -APTA) အရ မွန်ဂိုလီးယားမှသဘောတူခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း၊ APTA သဘောတူညီချက်နှင့် ကိုက်ညီမှုရှိရန် မွန်ဂိုလီးယား အနေဖြင့်လည်း အခွန်လျှော့ချမှုအား အပြန်အလှန်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ APTA အရ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပေကျင်း၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative –BRI) အောက်ရှိ စီမံကိန်းများအတွက် အခွင့်အလမ်းများပိုမိုရရှိနိုင်ကြောင်း၊ သို့သော် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ကျစရိတ်မြင့်မားမှုကြောင့် သြစတြေးလျမှ မီးသွေးတင်ပို့မှုအား တားမြစ် ပိတ်ပင်ခြင်းမှာ တရုတ်နိုင်ငံမှ သုံးစွဲသူများအပေါ် ပြင်းထန်စွာထိခိုက်နိုင်ကြောင်း၊ တရုတ်နိုင်ငံတွင် မွန်ဂိုလီးယားနိုင်ငံမှ မီးသွေးကို ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းပြည်နယ်ရှိ ဟံဘေးစတီးစက်ရုံ (HebeiSteel Mill)သည် ယခင်က သြစတြေးလျနိုင်ငံမှ မီးသွေးကိုအများဆုံးအသုံးပြုခဲ့ရာမှ ယခုလက်ရှိတွင် မွန်ဂိုလီးယား နိုင်ငံမှမီးသွေးကို ပိုမိုရရှိနိုင်ကာ အသုံးပြုလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Loading