ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်မှုအတွက် ဘယ်လ်ဂျီယံနိုင်ငံ ယူရို (၁၅) ဘီလီယံ သုံးစွဲထားပြီးဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် စီးပွားရေး လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေး အရေးပေါ် အစီအမံများအတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ ကုန်ကျငွေမှာ ယူရို (၁၅) ဘီလီယံနီးပါးရှိပြီဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အမျိုးသားဘဏ်၏ ကိန်းဂဏန်း များအရ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ကုန်ကျမှုအနေဖြင့် ယူရို (၁၄.၄) ဘီလီယံကို သုံးစွဲထားပြီးဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖက်ဒရယ်အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုမှာ ယူရို (၁၀.၂) ဘီလီယံရှိပြီး၊ ဘရပ်ဆဲလ်ဒေသ၊ ဖလန်းဒါးစ်ဒေသနှင့် ဝေါ်လိုနီးယားဒေသတို့ အတွက် ဒေသဆိုင်ရာအလိုက် ထပ်တိုးဘတ်ဂျက်သုံးစွဲမှုမှာ ယူရို (၄.၂) ဘီလီယံရှိပြီဖြစ်သည်။

အဆိုပါ ဘတ်ဂျက်သုံးစွဲမှုတွင် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍအတွက် ဖက်ဒရယ် အစိုးရမှ သုံးစွဲရန် သဘောတူထားသည့် ယူရို (၆၀၀) သန်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ ဘယ်လ်ဂျီယံအမျိုးသားဘဏ်မှ ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများသည် ၂၀၂၀ ပြည့်နှစ်၊ ကပ်ရောဂါအကျပ်အတည်းဖြစ်ပွားနေစဉ်ကာလတစ်လျှောက် နှာခေါင်းစည်းများ၊ ရောဂါစစ်ဆေး ရေးကိရိယာဝယ်ယူခြင်း၊အလုပ်လက်မဲ့အကျိုးခံစားခွင့်နှင့် ကုမ္ပဏီများအတွက် စီးပွားရေးထိခိုက် မှု လျော့ပါးသက်သာစေရေးစသည်တို့အတွက် အသုံးစရိတ်များကိုသာ ထည့်သွင်းတွက်ချက် ထားခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအမျိုးသားဘဏ်၏ ဧပြီလတွင် ခန့်မှန်းချက်အရ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးကို ယူရို (၄၅) ဘီလီယံအထိ ကုန်ကျစေ နိုင်ဖွယ်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်အကုန်တွင် တိုင်းပြည်၏ ဂျီဒီပီ (၈) ရာခိုင်နှုန်းဖြင့် ကျဆင်းစေနိုင် ကြောင်း ခန့်မှန်းထားပါသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading