ပြည်ပသတင်းများ

ဥရောပ၌ Cross-Border E-commerce တိုးတက်ခဲ့ခြင်း

Cross-Border Commerce Europe (CBCommerce) မှ ထုတ်ပြန်ခဲ့သည့် လေ့လာမှု အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်အတွင်း ဥရောပတွင် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်မှု (Cross-border E-commerce)၏ ဝင်ငွေမှာ ယူရို (၁၀၈.၇၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဝင်ငွေစုစုပေါင်းအနက် ဥရောပသမဂ္ဂအတွင်းရှိ အွန်လိုင်းရောင်းချသည့် ကုမ္ပဏီများမှ ဝင်ငွေရရှိမှုမှာ (၅၈) ရာခိုင်နှုန်းရှိပြီး၊ Non-EU brands များမှ (၄၂) ရာခိုင်နှုန်း ရရှိခဲ့ ကြခြင်းဖြစ်ကြောင်း၊ ဥရောပ၏ အွန်လိုင်းရောင်းချသည့်ကုမ္ပဏီ (၅၀၀) မှ အခွန်ဘဏ္ဍာငွေယူရို (၃၉.၇) ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါလေ့လာမှုအရ သိရှိပါသည်။

အဆိုပါလေ့လာမှုအရ သတ်မှတ်ချက် (parameter) လေးခုဖြင့် အဆင့်သတ်မှတ်ခြင်း ဖြစ်ပြီး၊ ၎င်းသတ်မှတ်ချက်များမှာ ဥရောပအတွင်း နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချမှု (cross-border online sales in Europe) ၊ cross-border SEO (search engine optimization) performance indicators၊ လွှမ်းခြုံသည့် နိုင်ငံအရေအတွက်အပေါ်မူတည်၍ နယ်စပ်ဖြတ်ကျော် ရမှတ် (cross-border score based on the number of countries covered)၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြည့်ရှုမှု ရာခိုင်နှုန်းနှင့် အရေအတွက် (the number and percentage of cross-border visits) တို့ဖြစ်ကြကြောင်း၊ အဆိုပါလေ့လာမှု အစီရင်ခံစာအရ  ဆွီဒင်နိုင်ငံမှ ပရိဘောဂ ကုမ္ပဏီ (IKEA) သည် ပထမနေရာ၌ ရပ်တည်ခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ သတင်းဖော်ပြ ထားမှုအရ သိရှိရပါသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading